Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ရွှေမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် လူထုကိုဖိနှိပ် အုပ်ချုပ်နေသည့် စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်မလုပ်ကိုင်ရန်နှင့် လောင်းကစားပြုလုပ်၍ စစ်ကောင်စီထံ ငွေကြေးထောက် ပံ့နေသောလောင်းကစားဒိုင်များကိုလည်း ပြင်းထန်းစွာ သတိပေးကြောင်း ဖော်ပြသည်။

(ညောင်ရွှေမြို့ မဂ်လာရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသော်တာ အား ပစ်ခတ်ခံရအပြီးတွေ့ရစဥ်)
(ညောင်ရွှေမြို့ မဂ်လာရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးသော်တာ အား ပစ်ခတ်ခံရအပြီးတွေ့ရစဥ်)

ရှမ်းပြည်နယ် ညောင်ရွေမြို့တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦးအား ပစ်ခတ်ရှင်းလင်း ခဲ့ကြောင်း ပြောကျားတပ်ဖွဲ့ Assassin For Justice(AFJ)က ယနေ့(ဇူလိုင် ၂၁)ထုတ်ပြန်သည်။

ညောင်ရွှေမြို့ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး သော်တာသည် ရပ်ကွက်သား များပေါ် ငွေကြေးအမျိုးမျိုးတောင်းခံခြင်း၊ အခြားမြို့ရွာများတွင် အလုပ်သွား ရောက်လုပ်ကိုင်နေသူများအား PDF အဖွဲသို့ သွားရောက်သူဟုစွပ်စွဲကာ ငွေကြေးတောင်းယူခြင်းများ ပြုလုပ်ခဲ့သည်ဟု ဖော်ပြ သည်။

ထို့ကြောင့် AFJ မှ စစ်ကောင်စီထောက်တိုင်မပြုလုပ်ရန် သတိပေးပြောကြားရာ “မင်းတို့မှာတင် G**n ရှိတာ မဟုတ်ဖူး။ ငါ့မှာလဲ ရှိတယ်။ အချိန်မရွေးလာ ခဲ့”ဟုပြန်လည်ပြောဆိုသဖြင့် ယနေ့နံနက် ၈ နာရီခန့်တွင် သတိပေးရုံသွား ရောက်တွေ့ဆုံခဲ့ရာ ပြန်လည်ရန်မူသောကြောင့် ရှင်းလင်းခဲ့ရ ခြင်းဖြစ်ကြောင်း အသိပေးသည်။

ညောင်ရွှေမြို့နယ်အတွင်းရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများအနေဖြင့် လူထုကိုဖိနှိပ် အုပ်ချုပ်နေသည့် စစ်ကောင်စီထောက်တိုင်အဖြစ် ဆက်လက်မလုပ်ကိုင်ရန်နှင့် လောင်းကစားပြုလုပ်၍ စစ်ကောင်စီထံ ငွေကြေးထောက် ပံ့နေသောလောင်းကစားဒိုင်များကိုလည်း ပြင်းထန်းစွာ သတိပေးကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“စစ်အာဏာရှင် အမြစ်ဖြတ်တိုက်ပွဲအတွက် ဘယ်တော့မှသွေးမအေးဘူး”ဟု AFJ ပြောက်ကျား တပ်မှ ရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

ထို့ကြောင့် စစ်အာဏာရှင်တည်တံ့ရေး ဆောင်ရွက်နေသူအားလုံးအား သုတ်သင် ရှင်းလင်း သွားမည်ဖြစ်ကြောင်း AFJ က အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။