Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်နယ် တွင် ဖုန်းလိုင်းများ ဖြတ်ထား၊ ကျေးရွာများသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ ဂရုစိုက်ကြရန် CDF သတိပေး

ပခုက္ကူ မှတက်လာသည့် ကား ၁၀၅ စီးပါ စစ်ကောင်စီယာဉ်တန်းသည်ဇူလိုင် ၂၀ရက်တွင်မင်းတပ်မြို့ ခလရ ၂၇၄ ထဲသို့ဝင်ကြပြီးနောက်ညပိုင်းတွင်စစ်ကောင်စီတပ်ကမင်းတပ်နယ်အနောက်ဘက်သို့လက်နက်ကြီးများပစ်ခတ်ခဲ့ရာ စုစုပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

(မင်းတပ်မြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု ။ ဓါတ်ပုံ-ASEAN SKYLINE)
(မင်းတပ်မြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု ။ ဓါတ်ပုံ-ASEAN SKYLINE)

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်း ဖုန်းလိုင်းများ ဖြတ်တောက်ထားပြီး ကျေးရွာများသို့ စစ်ကောင်စီတပ်များထိုးစစ်ဆင်လာနိုင်၍ ပြည်သူများ ဂရုစိုက်ကြရန် မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က သတိပေးသည်။

မင်းတပ်ဒေသ၌စစ်ကောင်စီတပ်၏ စစ်ရေးလှုပ်ရှားမှုအခြေအနေများကို CDFက ယနေ့ထုတ်ပြန်ခဲ့ခြင်းဖစ်သည်။

ပခုက္ကူ မှတက်လာသည့် ကား ၁၀၅ စီးပါ စစ်ကောင်စီယာဉ်တန်းသည်ဇူလိုင် ၂၀ရက်တွင်မင်းတပ်မြို့ ခလရ ၂၇၄ ထဲသို့ဝင်ကြပြီးနောက်ညပိုင်းတွင်စစ်ကောင်စီတပ်ကမင်းတပ်နယ်အနောက်ဘက်သို့လက်နက်ကြီးများပစ်ခတ်ခဲ့ရာ စုစုပေါင်း ၁၁ ချက်ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ယမန်နေ့တွင်မင်းတပ်မြို့နယ်တွင်ဖုန်းလိုင်းများပြတ်တောက်နေပြီး နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ယာဉ် ၆၆စီး ကျောက်ထုမြို့သို့ ထွက်ခွာသွားရာ နေ့လည်ပိုင်း၌ ကျောက်ထု အမြောက်တပ်ထဲသို့ ဝင်သွားသည်ဟု ဖော်ပြထားသည်။ ညပိုင်းတွင် စစ်ကောင်စီတပ်က လေယာဉ်တစ်စီး လှည့်ပတ်ပျံဝဲသွားသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် မင်းတပ်မြို့နယ် ကျေးရွာဘက်များသို့ ထိုးစစ်ဆင်မှုများဆက်တိုက်ပြုလုပ်လာနိုင်ကြောင်းဖုန်းလိုင်းများ ပြတ်တောက်နေ၍ ပြည်သူများ ဂရုစိုက်နေပေးကြရန် မေတ္တာရပ်ခံကြောင်း မင်းတပ် CDFကထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ယနေ့ မနက်တွင် အင်အား ၁၈၀ ကျော်ဖြင့် ကျောက်ထုမှ ပခုက္ကူဘက်သို့ ဦးတည်ပြီးခြေလျင် ထွက်ခွာလာနေကြောင်း ဆောမြို့နယ် ဒေသခံတစ်ဦးက ယနေ့မနက် ၁၀နာရီခန့်တွင် ပြောကြားသည်။ အဆိုပါ စစ်ကြောင်းသည် ကျောက်ထုမှ ပခုက္ကူသို့ ပြန်လာမည့် စစ်ယာဉ်တန်း လုံခြုံရေးအတွက်ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

(မင်းတပ်မြို့ကိုအ​ပေါ်စီးမှ မြင်​တွေ့ရမှု။ ဓါတ်ပုံ-ASEAN SKYLINE)

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နဲ့အနီးဆုံးမှာတည်ရှိတဲ့ရွှေမင်းဂံရေတပ်စခန်း နဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ - စစ်တွေ)ကိုပါ အာရက္ခတပ်တော်(AA)က အဝေးပစ်၊ အနီးပစ်လက်နက်တွေနဲ့ တိုက်ခိုက်နေပြီး ဒကစနဲ့အနီးဆုံးကာကင်းတွေကိုမြေပြင်ကနေထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။