Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရေယာဥ်နှစ်စီး ချင်းတွင်းမြစ်ဘေးရှိရွာများကို ဝင်ရောက်မွှေနှောက် နေ

“စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်”ဟု DBTF က ပြောသည်။

(ချင်းတွင်းမြစ်အတွင်း ဆန်တက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - DBTF)
(ချင်းတွင်းမြစ်အတွင်း ဆန်တက်လာနေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်၊ ဓာတ်ပုံ - DBTF)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီရေယာဥ် နှစ်စီးသည် ချင်းတွင်းမြစ်ဘေးရှိကျေးရွာများကို ဝင်ရောက်မွှေနှောက်နေကြောင်း Dragon Brothers Task Force က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၂၃ ရက်) နံနက် ၅နာရီခွဲခန့်ကစ၍ ပန်းတိမ်ပြင် နှင့် ကျောက်မှော်ကျေးရွာတို့ကို ပစ်ခတ်၍ ဝင်ရောက်နေသည်ဟု ဆိုသည်။

“စစ်ကောင်စီဖလက်(၂)စီး ရွာထိပ်နားမှာ အသားကုန်ပစ်ပြီး ကမ်းနားကပ်တော့ ရွာထဲကလူတွေ အကုန်ထွက်ပြေးနေကြရပါတယ်”ဟု DBTF က ပြောသည်။

ယမန်နေ့ ဇူလိုင်(၂၂ ရက်)ကလည်း စစ်ကောင်စီ ရေယာဥ် နှစ်စီးဆန်တက်စဥ် ရွှေစာရေးရွာ အောက်ဖက်အနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၈ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှစတင်ထွက်ခွာလာသည့် စစ်ကောင်စီ ၏ရေယာဥ်အုပ်စုတွင် အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ် နှစ်စီးအပါအဝင် ရေယာဥ် ၁၃ စီး နှင့် အင်အား ၁၀၀ ကျော်ပါဝင်​ပြီး ချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်း PDFများက သတိ​ပေးထားသည်။

အဆိုပါရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်း မြို့သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာများကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့် ပြောက်ကျား စစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ ဇူလိုင်ပထမပတ်တည်းက တပ်စွဲခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။