Connect with us

Hi, what are you looking for?

သတင်း

မြိုင် အနောက်​မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်မွှေနေ

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်း မြိုင်မြို့နယ်အပြင် ဂန့်ဂေါ၊ ကျောနှင့် ထီးလင်းစသည့် ယောဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

မြိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-မြိုင်PDF)
မြိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်အချို့ (ဓါတ်ပုံ-မြိုင်PDF)

●ဒေသခံများ ဘေးလွတ်ရာကြိုရှောင်ကြရန် မြိုင်တော်လှန်ရေးအင်အားစုသတိပေး

မကွေးတိုင်း မြိုင်မြို့နယ် အနောက်မြောက်ပိုင်းကိုစစ်ကောင်စီတပ်ကစစ်ကြောင်းသုံးကြောင်းခွဲဝင်ရောက်နေပြီးကျေးရွာများအား ဝင်ရောက်ဖျက်ဆီးသည့်အပြင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ် ဆောင်နေကြောင်း မြိုင်တော်လှန်ရေးအင်အားစုက ယနေ့(ဇူလိုင် ၂၃)တွင်အသိ
ပေးထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းများမှစစ်ကြောင်းတစ်ကြောင်းသည်ယမန်နေ့(ဇူလိုင် ၂၂)က ကျောက်ကန်ကျေးရွာသို့ ရောက်ရှိလာပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးသွားရာထိခိုက်ပျက်ဆီးမှုအခြေအနေအသေးစိပ်အား မသိရသေးဟုဆိုသည်။

ထို့အပြင် သီတင်းပင်ရွာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သောကြောင့် ပြည်သူတစ်ဦး ကျည်ထိခဲ့ပြီး ဆက်သွယ်​ရေးအခက်အခဲ့ကြောင့် ထိခိုက်ဒဏ်ရာရခဲ့သောပြည်သူမှာ အများသား၊ အမျိုးသမီး အတိအကျမသိရသေးကြောင်း ဖော်ပြသည်။

မြိုင်မြို့နယ်​ကျေးရွာများ​တော်လှန်​ရေးတပ်ဦးမှ တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-MVRF)
မြိုင်မြို့နယ်​ကျေးရွာများ​တော်လှန်​ရေးတပ်ဦးမှ တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-MVRF)

“ဖုန်းလိုင်းအခက်အခဲကြောင့် ကျေးရွာဘယ်နှစ်ရွာဆိုတာ အတိကျ မသိရသေးပါဘူး။ ဧရိယာပြင်ပချည်းပါ။ အဲဘက်နယ် ဆက်ကြည့်သမျှကတော့။ အရင်ကတည်းက ဖုန်းလိုင်းက ခနခနလည်း ဖြတ်ခံရပါတယ်”ဟု မြိုင် တော်လှန်ရေးအင်အားစုမှ ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင် စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများလည်းရှိနေပြီး စစ်ရေးအခြေအနေနှင့်ပတ် သက်၍ တိုက်ခိုက်ရေးအဖွဲ့အစည်းက တရားဝင်ထုတ်ပြန်ခြင်းမရှိသေး၍ အသေးစိပ်ပြောပြရန် အဆင်မပြေသေးကြောင်း ၎င်းရဲဘော်က ဆက်ပြောသည်။

Public Service Announcement
Public Service Announcement

လက်ရှိအခြေအနေတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းများသည် ချောင်းဆုံကြီးကျေးရွာ ဘုန်းကြီးကန်အနောက် ရွာသာအေးကျေးရွာနှင့် ကျောက်ကန်ကျေးရွာအနီးပတ်ဝန်းကျင်သို့ ရောက်ရှိနေပြီး ပြည်သူများ သတိပြုရှောင်တိမ်းကြရန် အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မကွေးတိုင်းအတွင်း မြိုင်မြို့နယ်အပြင် ဂန့်ဂေါ၊ ကျောနှင့် ထီးလင်းစသည့် ယောဒေသသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့်အပြင် ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ကာ လေကြောင်းပစ်ကူများပါ အသုံးပြုနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook