Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီတပ်အထိနာခဲ့​သောကင်မွန်းခြံရွာတိုက်ပွဲတွင် အိမ်နှင့်အတူမီးရှို့ထား​ခဲ့​သောစစ်သားအ​လောင်း ၂၀ခန့်​တွေ့

“တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကင်မွန်းခြံရွာကို Google Map တွင်​တွေ့ရစဥ်
ကင်မွန်းခြံရွာကို Google Map တွင်​တွေ့ရစဥ်

စစ်​ကောင်စီတပ်ကရွာကိုမီးရှို့သွားစဥ်မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့်အထိနာသွားသည့်ကလေးမြို့ နယ် ကင်မွန်းခြုံရွာရှိနေအိမ်အချို့ ​တွင် အိမ်နှင့်အတူ​ရော၍မီးရှို့ထားသည့် စစ်ကောင်စီတပ်သားရုပ်အလောင်း ၂၀ ခန့် တွေ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

ဇူလိုင် ၂၁ ရက်တွင်ကင်းမွန်းခြုံရွာကိုမီးရှို့လာ​သောစစ်​ကောင်စီတပ်မှာမိုင်းခွဲတိုင်ခိုက်ခံရပြီး ၊ ထိုစစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်။ထိုတိုက်ပွဲတွင်စစ်တပ်ဘက်မှ မိုင်းထိ၍ သေဆုံးသူများခဲ့သည်။ ဒေသခံများသည်ယင်းနေ့ကတည်းက ထွက်ပြေးခဲ့ကြရပြီး စစ်ကောင်စီတပ်ဆုတ်ခွာသွားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) ရွာသို့ ပြန်ကြစဥ် အိမ်များနှင့်အတူမီးရှို့ခဲ့​​သောစစ်ကောင်စီရုပ်အလောင်းများကို နေအိမ်အချို့ပေါ်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

က​လေးမြို့နယ်နှင့် ကင်မွန်းခြံရွာ(ပင်အပ်အနီ အနီး)ကို​Google Map.တွင်တွ့ရမှု
က​လေးမြို့နယ်နှင့် ကင်မွန်းခြံရွာ(ပင်အပ်အနီ အနီး)ကို​Google Map.တွင်တွ့ရမှု

“တစ်အိမ်တည်းမှာ ၁၂လောင်းတောင်တွေ့တာ။ မီးရှိူ့ထားတာ အရိုးတွေကျန်ခဲ့တယ်။ နောက်တစ်အိမ်စီပေါ်မှာ တစ်လောင်းစီနဲ့ အလောင်း၂၀လောက်တွေ့တယ်” ဟုပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

မီးရှို့ခဲ့သဖြင့် အရိုးစုကျန်ခဲ့​သောစစ်ကောင်စီတပ်သားရုပ်အလောင်းများကို နေအိမ်များပေါ်တွင်တွေ့ရခြင်းသည် ထိန့်လန့်ဖွယ်ဟုဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

“ရေထဲမျော၊ လွှင့်ပစ်ရမှာ။ ဘာသာတရားအရဆို မနေသင့်၊ မနေရဲတော့တဲ့နေရာဖြစ်နေပါပြီ။ အခုတော့ ဒေသခံတွေဟာ ခြံဝိုင်းတွေထဲ တဲထိုးနေကြရပါတယ်” ဟု ​ဒေသခံတစ်ဦးက​ပြောသည်။

ကင်မွန်းခြုံရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်ဖက်မှ ရဲဘော်တစ်ဦး မိုင်းထိဒဏ်ရာရခဲ့သည်။ အထိနာသွားသည့်စစ်ကောင်စီတပ်သည်ကင်မွန်းခြုံရွာမှ နေအိမ် ၂၀ခန့်ကို မီးရှို့ဖျက်ဆီးသွား၍ ဒေသခံများသည် နေရေးစားရေး အခက်အခဲ ကြုံတွေ့နေသည်။​ဒေသခံပြည်သူများ၏ ​နေအိမ်များကိုမီးရှို့ဖျက်ဆီးစဥ် တိုက်ပွဲတွင်​သေခဲ့​သောအကြမ်းဖက်စစ်သားအ​လောင်းများကိုပါ ပြန်မသယ်ဘဲ အိမ်နှင့်အတူမီးရှို့ခဲ့ခြင်းဖြစ်​ကြောင်း PDFအချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။