Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူထုကို စိန်ခေါ်လိုက်တာလို့ ULA ထုတ်ပြန်

ကိုဂျင်မီ၊ကိုဇေယျာသော် တို့အပါအဝင် ၄ ဦးကိုသေဒဏ်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်နဲ့အတူ နွေဦးတော်လှန်ရေးအတွက် အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာဦးမှာကို အပြည့်အဝယုံကြည်ကြောင်း ULA က ဆိုထားပါတယ်။

သေဒဏ်ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူထုကို စိန်ခေါ်လိုက်တာလို့ ULA ထုတ်ပြန်
သေဒဏ်ပေးတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ လူထုကို စိန်ခေါ်လိုက်တာလို့ ULA ထုတ်ပြန်

ကိုဂျင်မီနဲ့ ကိုဇေယျာသော်အပါအဝင် ၄ ဦးကို စစ်ကောင်စီက မိုက်မဲစွာ သေဒဏ်စီရင်တဲ့သတင်းဟာ လူထုတရပ်လုံးရဲ့ ဒေါသနဲ့ မခံချင်စိတ်ကို နှိုးဆွ စိန်ခေါ်လိုက်တာလို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်လိုက်ပါတယ်။

ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ၊ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ အာဆီယံအသိုင်းအဝိုင်းက ကမကထ တိုက်တွန်းကူညီလုပ်ဆောင်ပေးနေတဲ့ ငြိမ်းချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်မယ့် နိုင်ငံရေးအလားအလာတွေကို စစ်ကောင်စီက ရင့်သီးစွာ ခြေနဲ့နင်းပြီး ဖျက်ဆီးပြလိုက်တာလို့ ULA က ရှုမြင်သုံးသပ်ထားပါတယ်။

ကိုဂျင်မီ၊ကိုဇေယျာသော် တို့အပါအဝင် ၄ ဦးကိုသေဒဏ်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံအပြောင်းအလဲအတွက် စွန့်လွှတ်စွန့်စားစိတ်နဲ့အတူ နွေဦးတော်လှန်ရေးအတွက် အနာဂတ်သူရဲကောင်းတွေ ထပ်မံမွေးဖွားလာဦးမှာကို အပြည့်အဝယုံကြည်ကြောင်း ULA က ဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်ရဲ့လက်အောက်ခံတပ်ဖြစ်တဲ့ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်အပါအဝင်ကိုးကန့် ဝေမိသားစုဝင်သုံးဦးကို ကျားဖြန့်အမှုနဲ့တရုတ်တရားရုံးကဒီနေ့ (အောက်တိုဘာလ ၁၃ ရက်)မှာ သေဒဏ်ချလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ သေစေနိုင်တဲ့ ဆေးတွေ နှစ်ကြိမ် ထိုးသွင်းပြီးတဲ့ထိ မသေခဲ့တဲ့ လူသတ်တရားခံ အမျိုးသမီးအတွက် သေဒဏ် စီရင်မှုကို ဆိုင်းငံ့ထားလိုက်ရပါတယ်။