Connect with us

Hi, what are you looking for?

သတင်း

မြဝတီ – ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

မြ၀တီ - ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်
မြ၀တီ - ဝေါ်လေလမ်း၌ တိုက်ပွဲထပ်ဖြစ်၊ စစ်ကောင်စီတပ် နှစ်ဦးထက်မနည်းဒဏ်ရာရ၍ ဆုတ်ခွာသွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

ကရင်ပြည်နယ် မြ၀တီ – ဝေါ်လေလမ်း၌ ယမန်နေ့ကတိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရကာ ဆုတ်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၄ရက် ညနေပိုင်းက အလစ်အငိုက် ကျူးကျော်ရန် ကြိုးစားလာသည့် စစ်ကောင်စီတပ်နှင့် ကော်ဘရာ စစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ကော်ဘရာ စစ်ကြောင်း၏ ဒရုန်းတပ်ဖွဲ့နှင့်အတူ Golden Eagle ဒရုန်းတပ်ဖွဲ့လည်း အဓိက ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးနှင့်အထက် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားခဲ့ကြောင်း ဖော်ပြထားပြီး ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိဟု အသိပေးထားသည်။

အဆိုပါ မြ၀တီ – ဝေါ်လေလမ်း၌ ဇူလိုင်လအတွင်း ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ မကြာခဏ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။