Connect with us

Hi, what are you looking for?

သတင်း

“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး

မနီလာသိန်းက ၎င်းအနေဖြင့် ဦးဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းသွပ် လုပ်မည် မဟုတ်ကြောင်း၊ အမျှဝေမည်မဟုတ်ကြောင်း၊ နာရေးလုပ်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး
“ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင်မှန်သမျှ ဒီမြေပေါ်ရှင်သန်ခွင့်မရစေရ”ဟု ဦးဂျင်မီ၏ဇနီး သတင်းစကားပါး

ဦးဂျင်မီ၏ ရုပ်အလောင်းကို မတွေ့မချင်း ဆွမ်းမသွပ်၊ အမျှမဝေ၊ နာရေးမလုပ် ဟု အသိပေး

စစ်အာဏာရှင်မှန်သမျှ ရှင်သန်ခွင့်မရစေရေး အားလုံး ပိုမိုစည်းလုံးပြီး အလုပ်များတိုး၍ လုပ်ဆောင်ကြမည်ဟု ဦးဂျင်မီ၏ ဇနီးဖြစ်သူ မနီလာသိန်းက သတင်းစကားပါးလိုက်သည်။

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော် အပါအဝင် လေးဦးအား သေဒဏ်ပြစ်ဒဏ် စီရင်ပြီးစီးကြောင်း စစ်ကောင်စီက ကြေညာခဲ့သည့် ယနေ့ ဇူလိုင် ၂၅ရက် နေ့လည်ပိုင်းတွင် မနီလာသိန်းက ၎င်း၏ Facebook မှတစ်ဆင့် အထက်ပါအတိုင်းသတင်းစကားပါးလိုက်ခြင်းဖြစ်သည်။

“ကျမတို့ အားလုံး ပိုချစ်ခင်မယ်။ ရန်ငါရှင်းပြတ်ပြတ် အလုပ်တွေ ဆတိုး လုပ်ကြမယ်။ ကြယ်တွေ ကြွေတာ ရှင်သူတွေ ရပ်တန့်ဖို့ မဟုတ် ရှုံးနိမ့်ဖို့မဟုတ် ….. ခွန်အားအဖြစ်ပြောင်း စစ်အာဏာရှင် မှန်သမျှ ဒီမြေပေါ် ရှင်သန်ခွင့်မရစေရ” ဟု မနီလာသိန်းက ရေးသားခဲ့သည်။

ထို့ပြင် မနီလာသိန်းက ၎င်းအနေဖြင့် ဦးဂျင်မီ၏ ရုပ်အလောင်း မတွေ့မချင်း ဆွမ်းသွပ် လုပ်မည် မဟုတ်ကြောင်း၊ အမျှဝေမည်မဟုတ်ကြောင်း၊ နာရေးလုပ်မည်မဟုတ်ကြောင်း အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

အားလုံးရဲရင့်ကြရန် ပြတ်သားကြရန်နှင့် သန်မာကြရန်လည်း မနီလာသိန်းက ရေးသားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဇနီးဖြစ်သူနဲ့ ကလေးတွေကို ၁၂ နှစ်ကြာ ဖမ်းဆီး ချုပ်နှောင်ထားပြီး ညှင်းပန်း နှိပ်စက်နေခဲ့တဲ့ အမျိုးသား တစ်ဦးကို ပါကစ္စတန် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်မြို့နယ် ဒေသအချို့တွင်ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုများအား စစ်ဆေးနေမှုများကြန့်ကြာနေပြီး ထိရောက်စွာအရေးယူပေးရန် အာရက္ခတပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ဇနီးက တိုက်တွန်းပြောဆိုသည်။

သတင်း

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက မတရားကွပ်မျက်မှုအပေါ် အောက်မေ့သတိရကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။