Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်
သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

အာဆီယံဥက္ကဋ္ဌအနေနဲ့ မေတ္တာရပ်ခံနေတဲ့ကြားက အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အလွန်အမင်းစိတ်ပျက်စရာကောင်းတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ကြေညာချက်ထုတ်လိုက်ပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင် စစ်ကောင်စီရဲ့သေဒဏ်စီရင်တဲ့လုပ်ရပ်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့အာဆီယံ ရဲ့ကြိုးပမ်းမှုတွေကိုနောက်ပြန်ဆုတ်စေတယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒကင်းမဲ့နေတာကိုပြသနေတယ်လို့ဟွန်ဆန်က ဆိုပါတယ်။

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်