Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်
သေဒဏ်စီရင်တဲ့စစ်ကောင်စီလုပ်ရပ်ကို အာဆီယံဥက္ကဋ္ဌ စိတ်ပျက်

အာဆီယံဥက္ကဋ္ဌအနေနဲ့ မေတ္တာရပ်ခံနေတဲ့ကြားက အတိုက်အခံတက်ကြွလှုပ်ရှားသူတွေကို ကွပ်မျက်လိုက်တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အလွန်အမင်းစိတ်ပျက်စရာကောင်းတယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က ကြေညာချက်ထုတ်လိုက်ပါတယ်။

၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးမတိုင်ခင် စစ်ကောင်စီရဲ့သေဒဏ်စီရင်တဲ့လုပ်ရပ်ဟာ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းနေတဲ့အာဆီယံ ရဲ့ကြိုးပမ်းမှုတွေကိုနောက်ပြန်ဆုတ်စေတယ်လို့လည်း ဟွန်ဆန်က ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ စိတ်ဆန္ဒကင်းမဲ့နေတာကိုပြသနေတယ်လို့ဟွန်ဆန်က ဆိုပါတယ်။

ကိုဂျင်မီ၊ကိုဇေယျာသော်၊ ကိုလှမျိုးအောင်၊ကိုအောင်သူရဇော်တို့ကိုကွပ်မျက်လိုက်တဲ့အပေါ် ပြည်တွင်း ပြည်ပ က စစ်ကောင်စီကို ကန့်ကွက်ရှုတ်ချနေကြပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

နိုင်ငံတကာ

တိုက်ပွဲတွေက ထိုင်းပိုင်နက်နဲ့ အရမ်း နီးနီးကပ်ကပ် ဖြစ်ပွားခဲ့ပြီး ဒီလို ကိစ္စမျိုးနဲ့ ပတ်သက်ရင် အာဆီယံကပါ ပါဝင်ကိုင်တွယ် အဖြေရှာပေးသင့်တယ်လို့ နစ်ခွန်ဒက်ဂျ်က ဆိုပါတယ်။