Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ မတရားသေဒဏ်ပေးမှုကိုကန့်ကွက်သောအားဖြင့် မန်း UG များက ပြင်းပြင်းထန်ထန် လက်စားခြေတိုက်ခိုက်မည်

အလားတူ DRM Rangers Mandalay — PDF မှ ညီနောင်ရဲဘော်များသည် စစ်ကောင်စီနှင့် သက် ဆိုင်ရာ အားလုံးကို အကောင်းဆုံးအခြေအနေဖြင့် နေရာဒေသအသီးသီးမှ အပြင်းအထန်တိုက်ခိုက်သွားပါမည်ဟု အသိ​ပေးသည်ါ

စစ်ကောင်စီ၏ မတရားသေဒဏ်ပေးမှုကိုကန့်ကွက်သောအားဖြင့် ပြင်းပြင်းထန်ထန်လက်စားချေတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့အခြေစိုက် UG အဖွဲ့များက ယနေ့(ဇူလိုင် ၂၅)တွင် အသိပေးထုတ်ပြန်လိုက်သည်။

Mandalay People Rescue(MPR)နှင့် မဟာ မိတ်ညီနောင်အဖွဲ့များမှ ထုတ်ပြန်ရာတွင် ၎င်းတို့အနေဖြင့် အသက်ကိုပဓာနမထားဘဲ လက်စားခြေတိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

“မြို့နေပြည်သူများလည်း စကစတပ်များနှင့် ဝေးဝေးမှနေထိုင်သွားလာပေးကြပါရန် မတော်တစ်စထိခိုက်မိပါကတောင်းပန်စာလုံး၀ထုတ်ပေးမည်မဟုတ်ပါ”ဟု MPR က ဆိုသည်။

ထို့အပြင် မည်သည့် Mission ကိုမှ စာထုတ်ကြေညာမည်မဟုတ်ပါကြောင်းလည်း မဟာမိတ်အဖွဲ့များကိုယ် စား MPR က ထုတ်ပြန်ထားသည်။

အလားတူ DRM Rangers Mandalay — PDF မှ ညီနောင်ရဲဘော်များသည် စစ်ကောင်စီနှင့် သက် ဆိုင်ရာ အားလုံးကို အကောင်းဆုံးအခြေအနေဖြင့် နေရာဒေသအသီးသီးမှ အပြင်းအထန်တိုက်ခိုက်သွားပါမည်ဟု အသိ​ပေးသည်ါ

Public Service Announcement

Public Service Announcement

ထို့ကြောင့် စစ်ကောင်စီနှင့် သက်ဆိုင်နေသူများအားလုံး ကိုယ့်သိစိတ်နှင့်ကိုယ် စွန့်ခွာကြရန်နှင် ပြည်သူအပေါင်း စစ်ကောင်စီ ရန်မှကင်းဝေးကြပါစေကြောင်း ဆန္ဒပြုဆုတောင်းထားသည်။