Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်​ရေယာဥ်အုပ်စုကိုPDFများကတိုက်ခိုက်ရာဗိုလ်မှူးအပါအဝင် ၁၀ ဦး​သေဟုမင်းကင်းနွေဦးတော်လှန်ရေးကထုတ်ပြန်

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။

(ကနီနယ် ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီး။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ)
(ကနီနယ် ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီး။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင်ယမန်နေ့ကစစ်​ကောင်စီတပ်ရေယာဥ်များနှင့်ဒေသတွင်းPDFများတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်အုပ်စု၏ ဗိုလ်မှူးတစ်ဦးအပါအဝင်(၁၀)ဦးအထက်သေဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)နံနက်၇နာရီခွဲခန့်ကစ၍မင်းကင်းမြို့နယ်အတွင်း၀င်ရောက်လာသောအကြမ်းဖက်စစ်တပ်၏ဖလက်မော်တော်(၉)စီးအုပ်စုနှင့်မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသပကဖအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နံနက် (၇) နာရီခွဲခန့်တွင် ဘင်အနောက်တောမှ သင်တောရွာအနီးတောက်လျှောက်အထိအကြမ်းဖက်စစ်တပ်၏ ဖလက်မော်တော်များအား မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ ပကဖအဖွဲ့များသည် ည ၁၀ နာရီခန့်အထိ အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။

စစ်ကောင်စီတပ်ကဗိုလ်မှူးတစ်ဦး၊စက်သေနတ်ပစ်သမားတစ်ဦး အပါအ၀င် ခန့်မှန်းခြေ (၁၀)ဦးအထက် သေဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။

အကြမ်းဖက်စစ်တပ်သည်ယခုတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်လာခဲ့ပြီးဒရုန်းများဖြင့်တိုက်ပွဲဧရိယာကိုဖတ်ရှုကာဖလက်များပေါ်မှ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများ ၊ စက်လက်များဖြင့် ဆက်တိုက် အပြင်းအထန်တိုက်စစ်ဆင်ခဲ့ကြောင်း၊ ဒရုန်းမှတဆင့်ကြည့်ရှုပြီးတွက်ချက်ကာလက်နက်ကြီးများဖြင့် ပစ်ခက်ခဲ့ကြကြောင်းလည်းသိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကမ်းဘေးရှိဘင်၊အနောက်တော၊အုန္နဲဘုတ်ကျေးရွာများကိုမီးတက်ရှို့ပြီး၁၀နာရီခွဲခန့်တွင်ဆန်တက်သွားကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။