Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​ရေယာဥ်အုပ်စုကိုPDFများကတိုက်ခိုက်ရာဗိုလ်မှူးအပါအဝင် ၁၀ ဦး​သေဟုမင်းကင်းနွေဦးတော်လှန်ရေးကထုတ်ပြန်

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။

(ကနီနယ် ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီး။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ)
(ကနီနယ် ချင်းတွင်းမြစ်အတွင်း တွေ့ရသည့် အကြမ်းဖက်စစ်တပ်၏ ရေယာဥ်တစ်စီး။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင်ယမန်နေ့ကစစ်​ကောင်စီတပ်ရေယာဥ်များနှင့်ဒေသတွင်းPDFများတိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်စစ်အုပ်စု၏ ဗိုလ်မှူးတစ်ဦးအပါအဝင်(၁၀)ဦးအထက်သေဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင်လ ၂၅ ရက်)နံနက်၇နာရီခွဲခန့်ကစ၍မင်းကင်းမြို့နယ်အတွင်း၀င်ရောက်လာသောအကြမ်းဖက်စစ်တပ်၏ဖလက်မော်တော်(၉)စီးအုပ်စုနှင့်မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသပကဖအဖွဲ့များ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ နံနက် (၇) နာရီခွဲခန့်တွင် ဘင်အနောက်တောမှ သင်တောရွာအနီးတောက်လျှောက်အထိအကြမ်းဖက်စစ်တပ်၏ ဖလက်မော်တော်များအား မင်းကင်းမြို့နယ် မြစ်ရိုးအောက်ဒေသ ပကဖအဖွဲ့များသည် ည ၁၀ နာရီခန့်အထိ အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟုဖော်ပြသည်။

စစ်ကောင်စီတပ်ကဗိုလ်မှူးတစ်ဦး၊စက်သေနတ်ပစ်သမားတစ်ဦး အပါအ၀င် ခန့်မှန်းခြေ (၁၀)ဦးအထက် သေဆုံးခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

ပြည်သူ့ရဲဘော် (၂)ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားခဲ့ပြီးပကဖဗိုလ်သံလုံးလက်ကိုအနည်းငယ်ထိသွားခဲ့သော်လ​ည်းမစိုးရိမ်ရကြောင်းမင်းကင်းနွေဦးတော်လှန်ရေးက ထပ်မံအသိပေးသည်။

အကြမ်းဖက်စစ်တပ်သည်ယခုတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်လာခဲ့ပြီးဒရုန်းများဖြင့်တိုက်ပွဲဧရိယာကိုဖတ်ရှုကာဖလက်များပေါ်မှ ၆၀ မမ၊ ၁၂၀ မမ လက်နက်ကြီးများ ၊ စက်လက်များဖြင့် ဆက်တိုက် အပြင်းအထန်တိုက်စစ်ဆင်ခဲ့ကြောင်း၊ ဒရုန်းမှတဆင့်ကြည့်ရှုပြီးတွက်ချက်ကာလက်နက်ကြီးများဖြင့် ပစ်ခက်ခဲ့ကြကြောင်းလည်းသိရသည်။

ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချင်းတွင်းမြစ်ကမ်းဘေးရှိဘင်၊အနောက်တော၊အုန္နဲဘုတ်ကျေးရွာများကိုမီးတက်ရှို့ပြီး၁၀နာရီခွဲခန့်တွင်ဆန်တက်သွားကြောင်းလည်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။