Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံမှ အမြန်ဆုံးစွန့်ခွာရန် ၎င်း၏နိုင်ငံသားများကို ဖိလစ်ပိုင်အစိုးရ ကြေညာ

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစ၍ ဖိလစ်ပိုင်အစိုးရသည် မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသား ၇၀၁ဦးကို ပြောင်းရွှေ့စေခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ နိုင်ငံသား ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

(ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Spring)
(ရန်ကုန်မြို့လယ်တစ်နေရာကို တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Spring)

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ခရီးသွားလာခွင့် အဆင့် ၄ (Level 4) သတ်မှတ်ထားပြီး မဖြစ်မနေရွှေ့ပြောင်းခြင်းလုပ်ငန်းစဉ်များကို လုပ်ဆောင်မည်ဟု ကြေညာလိုက်သည်။

ခရီးသွားလာခြင်း အန္တရာယ်ရှိမှု အဆင့် ၄ ကို ၂၀၂၁ မေလဆန်းကတည်းက ကြေ ခြင်းဖြစ်သော်လည်း ကျယ်ပြန့်လာသော အကြမ်းဖက်မှုနှင့် ဆိုးရွားလာသော လက်နက်ကိုင်ပဋိ ပက္ခများကြောင့် ဖိလစ်ပိုင်အစိုးရက မြန်မာနိုင်ငံရှိ ၎င်းတို့၏နိုင်ငံသားများ ပြောင်းရွှေ့ရန်အတွက် ပြင်ဆင်ရန် ယနေ့ထုတ်ပြန်လာခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်ကစ၍ ဖိလစ်ပိုင်အစိုးရသည် မြန်မာနိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသား ၇၀၁ဦးကို ပြောင်းရွှေ့စေခဲ့ပြီး ယင်းသည် မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့ နိုင်ငံသား ၆၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၌ကျန်ရှိနေသော ဖိလစ်ပိုင်နိုင်ငံသားများအနေဖြင့် အရေးမကြီးဘဲသွားလာ ခြင်းမပြုရန်၊ အများပြည်သူနေရာများကို ရှောင်ကြဉ်ရန်နှင့် ရွှေ့ပြောင်းနိုင်ရေး ပြင်ဆင်ရန်အကြံပြုကြေညာထားသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် ဩစတြေးလျတို့ကလည်း ကမ္ဘာပေါ်တွင် ခရီးသွားလာခြင်းမပြုရန် တားမြစ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံကို ထည့်သွင်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်တရုတ်ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တွေကြား ကိုယ်ထိလက်ရောက် ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပါတယ်။

သတင်း

အရှေ့တောင်အာရှ နိုင်ငံများအစည်းအရုံး (အာဆီယံ)ရဲ့ လူ့အခွင့်အရေးဆိုင်ရာအမတ်များအဖွဲ့ (APHR)ကနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ အသက်ရှင်လျက်ရှိနေဆဲဖြစ်ကြောင်းအတည်ပြုနိုင်ရေး တွန်းအားပေး လုပ်ဆောင်ဖို့ဖိလစ်ပိုင်နဲ့အရှေ့တီမော သမ္မတတွေကို တောင်းဆိုလိုက်ပါတယ်။

သုံးသပ်ဆောင်းပါး

လူ ၅ ယောက်မှာ ၁ ယောက် ကင်ဆာဖြစ်နိုင်တယ်ဆိုတဲ့ သတင်းပေးပို့ချက် ဒီမနက်ကပဲ ကျွန်တော်တို့ လက်ခံ ရရှိလိုက်ပါတယ်။

နိုင်ငံတကာ

တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်မှုနဲ့ ဆက်စပ်တဲ့ မြေပြိုမှုတွေကြောင့် ဖိလစ်ပိုင်မှာ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။