Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် လူငယ်များ၏ ပြောက်ကျားသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်ဖြိုခွင်း

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ - လူငယ်များသမဂ္ဂ

▪️လူငယ်များ အထိအခိုက်နှင့် ဖမ်းဆီးခံရခြင်းမရှိ ဟုဆို

ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၇) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီဝင်များက အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းခဲ့​ကြောင်း တော်လှန်အင်အားစု လူငယ်များမှတစ်ဆင့် သိရသည်။

ယနေ့ ညနေပိုင်းတွင် လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များသမဂ္ဂ – ပုသိမ်တို့ ပူးပေါင်း၍ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်၍ အာဏာသိမ်း မြန်မာ့ ဖက်ဆစ်စစ်တပ်က ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများအား မတရားသဖြင့် ကြိုးပေးသတ်ဖြတ်နေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

” မီးပွိုင့်ကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီးက ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းဖို့ ကြိုးစားတာပါ။ ဒါပေမယ့် လူငယ်တွေက အချိန်မှီ ရှောင်နိုင်ခဲ့လို့ အထိအခိုက် မရှိဘဲ ထွက်ပြေးလွတ်မြောက်တယ်လို့ သိရပါတယ် ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်နေစဥ် စစ်ကောင်စီဝင်များက လမ်းအကွေ့မှ ရုတ်တရက် ဝင်တိုက်ခြင်းဖြစ်ပြီး ကားပေါ်မှ အင်္ကျီ အပြာကွက်နှင့် ပုဆိုး အပြာရောင် ဝတ်စဥ်ထားသူ လူတစ်ဦး ဆင်း၍ လိုက်လံဖမ်းဆီးခဲ့သော်လည်း လျှင်မြန်စွာ ရှောင်ပြေးနိုင်ခြင်းကြောင့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြကြောင်း လူငယ်များသမဂ္ဂ- ဗဟိုကလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ပထမပတ်လည်း လှိုင်မြို့နယ်တွင် ဆန္ဒပြလူငယ်များကို အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး လူငယ်အချို့ ကားတိုက်ခံရသည့် ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့ တနေရာမှာ (၃၈)နှစ်ပြည့် ၈‌လေးလုံး အထိမ်းအမှတ် လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ဖွဲ့က ပြုလုပ်ခဲ့ပါတယ်

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။