Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်တွင် လူငယ်များ၏ ပြောက်ကျားသပိတ်ကို အကြမ်းဖက်စစ်ကောင်စီက အိမ်စီးကားဖြင့် တိုက်ဖြိုခွင်း

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ - လူငယ်များသမဂ္ဂ

▪️လူငယ်များ အထိအခိုက်နှင့် ဖမ်းဆီးခံရခြင်းမရှိ ဟုဆို

ရန်ကုန်မြို့ တစ်နေရာတွင် ယနေ့ (ဇူလိုင် ၂၇) ညနေပိုင်း၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်နေသည့် လူငယ်များကို အကြမ်းဖက် စစ်ကောင်စီဝင်များက အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းခဲ့​ကြောင်း တော်လှန်အင်အားစု လူငယ်များမှတစ်ဆင့် သိရသည်။

ယနေ့ ညနေပိုင်းတွင် လူငယ်များသမဂ္ဂ – ဗဟို နှင့် လူငယ်များသမဂ္ဂ – ပုသိမ်တို့ ပူးပေါင်း၍ “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားပါ စာတန်းအားကိုင်ဆောင်၍ အာဏာသိမ်း မြန်မာ့ ဖက်ဆစ်စစ်တပ်က ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူများအား မတရားသဖြင့် ကြိုးပေးသတ်ဖြတ်နေမှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များ ဆန္ဒထုတ်ဖော်နေစဥ်တွင် အကြမ်းဖက် စစ်ကောင်စီက အိမ်စီးကားဖြင့် ဝင်ရောက် ဖြိုခွင်းသော်လည်း အထိအခိုက်၊ အကျအဆုံး အဖမ်းဆီးခံရခြင်း မရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက ပြောသည်။

” မီးပွိုင့်ကနေ ထွက်လာတဲ့ အိမ်စီးကားတစ်စီးက ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်ပြီး ဖမ်းဖို့ ကြိုးစားတာပါ။ ဒါပေမယ့် လူငယ်တွေက အချိန်မှီ ရှောင်နိုင်ခဲ့လို့ အထိအခိုက် မရှိဘဲ ထွက်ပြေးလွတ်မြောက်တယ်လို့ သိရပါတယ် ” ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ - လူငယ်များသမဂ္ဂ
ဓာတ်ပုံ – လူငယ်များသမဂ္ဂ

လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြကြွေးကြော်နေစဥ် စစ်ကောင်စီဝင်များက လမ်းအကွေ့မှ ရုတ်တရက် ဝင်တိုက်ခြင်းဖြစ်ပြီး ကားပေါ်မှ အင်္ကျီ အပြာကွက်နှင့် ပုဆိုး အပြာရောင် ဝတ်စဥ်ထားသူ လူတစ်ဦး ဆင်း၍ လိုက်လံဖမ်းဆီးခဲ့သော်လည်း လျှင်မြန်စွာ ရှောင်ပြေးနိုင်ခြင်းကြောင့် အထိအခိုက်မရှိ လွတ်မြောက်ခဲ့ကြကြောင်း လူငယ်များသမဂ္ဂ- ဗဟိုကလည်း ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင်ပထမပတ်လည်း လှိုင်မြို့နယ်တွင် ဆန္ဒပြလူငယ်များကို အိမ်စီးကားဖြင့် ဝင်တိုက်၍ ဖမ်းဆီးရန် ကြိုးပမ်းခဲ့ပြီး လူငယ်အချို့ ကားတိုက်ခံရသည့် ဒဏ်ရာရရှိခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၏ ရန်ကုန်တိုင်းစစ်ဌာနချုပ်အတွင်း ပြင်းအားမြင့်အ​ဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ၎င်းက ပြောသည်။

သတင်း

မတ်လ ၉ ရက်ကလည်း စစ်ကိုင်းမြို့နယ်တွင် ကားတစ်စီးဖြင့်ထွက်လာသော ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ဒေသတွင်း PDFများက ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းခံခဲ့ရသေးသည်။

သတင်း

ဇန်နဝါရီ ၂၁ ရက် နံနက် ၈ နာရီ မိနစ် ၄၀ခန့်က မုံရွာမြို့စက်မှု (၁)၊ အေးရိပ်သာလမ်းရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အရပ်ဝတ်ဖြင့် ထိုင်နေသည့် အမှတ်(၂)ရဲစခန်းမှ ဒုရဲအုပ်ကျော်ဇင်ဦးဆိုသူ ပစ်ခတ်ခံရပြီး နေရာတွင် သေဆုံးခဲ့သည်။

သတင်း

သေဆုံးသူများမှာ ဒုရဲအုပ်ထင်အောင်ကျော်၊ နယ်ထိန်း ကျန်ကျောင်း၊ ရဲတပ်သား စိုးဇေယျာ၊ နတ်ထားရွာမှ ရဲမေသော်သော်မြင့် လင်မယားနှင့် အခြားရဲမေတစ်ဦးတို့ဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။