Connect with us

Hi, what are you looking for?

သတင်း

မူးမြစ်နံဘေးရှိရွာများကို အကြမ်းဖက်စစ်ကောင်စီတ​ပ် မီးရှို့ဖျက်ဆီးနေ

ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

(ယမန်နေ့က မူးမန္တလေးကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့ နယ် သတင်းမှန်ပြန်ကြားရေး)
(ယမန်နေ့က မူးမန္တလေးကျေးရွာ မီးလောင်ကျွမ်းနေစဥ်။ဓာတ်ပုံ-စစ်ကိုင်းမြို့ နယ် သတင်းမှန်ပြန်ကြားရေး)

မူးမန္တလေးရွာက ရွာသားအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနှင့် မြင်းမူမြို့နယ် မူးမြစ်နံဘေးရှိ ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေပြီး မူးမန္တလေး ရွာသားအချို့ သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် မူးမန္တလေးရွာအား ယမန်နေ့ (ဇူလိုင် ၂၇ ရက်)နံနက် ၉ နာရီခန့်က Mi35 စစ်ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့သည်။

လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မူးမန္တလေးကျေးရွာ မီးလောင်ကျွမ်းခဲ့ပြီး အိမ်ခြေအရေအတွက် မသိရသေးကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Public Service Announcement

Public Service Announcement

အလားတူ မူးမြစ်အရှေ့စစ်ကိုင်းမြို့နယ်‌ တလိုင်းကျွန်းရွာကိုလည်း ယနေ့ (ဇူလိုင် ၂၈ရက်) မွန်းလွဲ ၂နာရီကျော်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီတပ်က မီးတင်ရှို့နေပြီး တစ်ရွာလုံး မီးလောင်ကျွမ်းနိုင်ကြောင်း စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၂၇ရက်)ကလည်း မူးမြစ်အရှေ့စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က မူးမန္တလေးကျေးရွာကို စစ်ကြောင်းထိုးပြီး ကန်ဖျားကျေးရွာဘက်သို့ စစ်ကြောင်း ပြန်လှည့်ဆုတ်ခွာစဉ် Zero ပြောက်ကျားတပ်ဖွဲ့နှင့် Zeo Power တော်လှန်ရေးအင်အားစုတို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးကာ ၁ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။