Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရွာရှိ အကြမ်းဖက်စစ်အုပ်စုအား နှစ်ကြိမ်တိုက်ခိုက်ရာ ပျူနှစ်ဦးသေဟုဆို

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်စဥ်များနှင့်ပတ်သက်၍ Guerrilla Warfare – KPK PDFအဖွဲ့ကထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီ တပ်အား ယမန်နေ့ညက နှစ်ကြိမ်တိုင်သွားရောက်တိုက်ခိုက်ရာ ပျူစောထီး နှစ်ဦးသေဆုံးကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က ထုတ်ပြန်သည်။

ည၉နာရီ ၁၅မိနစ်တွင်တစ်ကြိမ်၊ ည ၁၁ နာရီခန့်တွင်တစ်ကြိမ် စုစုပေါင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျူစောထီးနှစ်ဦးသေဆုံးကာ အကြမ်းဖက် စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Guerrilla Warfare – KPK PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါစစ်ဆင်ရေးအား ရွှေဘိုခရိုင်တပ်ရင်း (၈) တပ်ခွဲ -၁ဖြစ်သော Guerrilla Warfare – KPK PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ အထိခိုက်မရှိဟု Guerrilla Warfare – KPK PDF က အသိပေးသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် ည ၁၁နာရီခွဲခန့်ကလည်း အင်္ကုက္ကားရွာရှိ စစ်ကောင်စီ တပ်အား တိုက်ခိုက်ခဲ့ရာ လက်နက်ကြီးများဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare – KPK PDFအဖွဲ့က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်တပ်၏ ထိခိုက်မှုအခြေအနေများနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်စဥ်များနှင့်ပတ်သက်၍ Guerrilla Warfare – KPK PDFအဖွဲ့ကထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

ဇူလိုင် ၂၇ရက်ကလည်း တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်အား ရေဦးကုန်းရွာ၊ ချောင်းဆုံ ကျေးရွာ နှင့် ကံထူးမရဲစခန်းတို့တွင် သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံး မှုများရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။