Connect with us

Hi, what are you looking for?

သတင်း

မြိတ်မြို့နယ် မီးသတ်ရုံးအတွင်း လာရောက်တပ်စွဲသည့်စစ်ကောင်စီတပ် ဗုံးပစ်တိုက်ခိုက်ခံရ

“အဲဒီမီးသတ်မှာက စစ်ခွေးတွေက အမြဲ‌လာနေကြပါ။အခုလည်း သူတို့ရောက် နေတယ်လို့ သတင်းရရှိလို့လက်ပစ် ဗုံးတစ်လုံးနဲ့ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

မြိတ်မြို့နယ်
မြိတ်မြို့နယ်

တနင်္သာရီတိုင်း မြိုတ်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ လာရောက် တပ်စွဲထားသော မီးသတ်ရုံးတစ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဇူလိုင်၃၁) ထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုင် ၃၀)ည ၇ နာရီခွဲခန့်က မြိတ်မြို့ ကန်ကြီးနယ်မြေ သာကေတ ရပ်ကွက်ရှိ အရံမီးသတ်တပ်ဖွဲ့ရုံးသို့ စစ်ကောင်စီတပ်များ လာရောက်တပ်စွဲစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“အဲဒီမီးသတ်မှာက စစ်ခွေးတွေက အမြဲ‌လာနေကြပါ။အခုလည်း သူတို့ရောက် နေတယ်လို့ သတင်းရရှိလို့လက်ပစ် ဗုံးတစ်လုံးနဲ့ ပစ်ထည့်ဖောက်ခွဲခဲ့တာပါ”ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။

ဗုံးပစ်တိုက်ခိုက်ရာတွင် ဗုံးသည်မီးသတ်ရုံးအတွင်းသို့မကျဘဲ အပြင်ဘက်တွင် ကျရောက်ပေါက်ကွဲ ခဲ့ပြီး မီးသတ်နှစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းရဲဘော်က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီမှ ချပေးထားသော လက်နက်ကိုင်ဆောင်ပြီး စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ ပြည်သူများကို မတရားဖမ်းဆီးနေသော မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် ပြည်သူနှင့် အတူပူးပေါင်းပါဝင်ပေးကြဖို့ မြိတ်(ပကဖ)က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။