Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးပစ်ကူသုံးပြီး ထိုးစစ်ဆင်သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အထိနာပြီးပြန်ဆုတ်သွားဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သားများ အထိအခိုက်၊ သေဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတည်ပြုနိုင်ရန် စီစစ်ဆဲ ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း
ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း

ကရင်ပြည်နယ် မြဝတီ – ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီး တဝိုက်မှထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်သည်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာထွက်ပြေးသွား ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည့် သုံးထပ်ကွေ့အနီး တောင်ကြောများ၊ သောင်ရင်းမြစ်ဘက်အခြမ်းများမှ နေ၍ အကြမ်းဘက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ တပ်များက ယနေ့ ဇူလိုင် ၃၁ရက် နံနက် ၉နာရီခန့်မှ စတင်ထိုးစစ်ဆင်လာရာ ညနေပိုင်းအထိ အကြိမ်ကြိမ်ကြိုးစားလာကြောင်း၊ ထို့ကြောင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ကော်ဘရာစစ်သည်တော်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်သားများ အထိအခိုက်၊ သေဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားကြောင်း၊ စစ်ကောင်စီ၏ သေဆုံး၊ ထိခိုက်စာရင်းအား အတည်ပြုနိုင်ရန် စီစစ်ဆဲ ဖြစ်ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ကူများစွာ အသုံးပြု၍ ကျူးကျော်ရန်ကြိုးစားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း ကော်ဘရာစစ်သည်များ ထိခိုက်ကျဆုံးမရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ကော်ဘရာစစ်ကြောင်းရှိရာ နေရာများသို့ ဇွန်လကုန်ပိုင်းမှစ၍ လက်နက် ကြီး ပစ်ကူများရယူပြီး ထိုးစစ်ဆင်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ရာ ကော်ဘရာ စစ်သည်များ၏ တိုက်ခိုက်မှုများကြောင့် ဖရိုဖရဲပြန်လည်ဆုတ်ခွာရသည့် ဖြစ်စဉ်မကြာခဏ ရှိခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။