Connect with us

Hi, what are you looking for?

သတင်း

ကျဆုံးရဲဘော် ၇ဦးအတွက် NUG Bond ၇စောင် ဝယ်ယူလှူဒါန်းခဲ့ကြောင်း ကန်ပက်လက် CDF အသိပေး

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force – Kanpetlet က”ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ကျဆုံးရဲဘော် ၇ဦးအတွက် NUG Bond ၇စောင် ဝယ်ယူလှူဒါန်းခဲ့ကြောင်း ကန်ပက်လက် CDF အသိပေး
ကျဆုံးရဲဘော် ၇ဦးအတွက် NUG Bond ၇စောင် ဝယ်ယူလှူဒါန်းခဲ့ကြောင်း ကန်ပက်လက် CDF အသိပေး

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ် (CDF) တပ်ရင်းမှ ကျဆုံးသွားသည့် သူရဲကောင်း ၇ဦးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ငွေတိုက်စာချုပ် (Bond) ၇စောင် ဝယ်ယူလှူဒါန်းခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ကန်ပက်လက် CDFမှ ရဲဘော်များဖြစ်သည့် ဆလိုင်းထန်းအွမ် (ဧပြီ ၂၂ရက်တွင် ကျဆုံးခဲ့) ၊ ဆလိုင်းမနားကွီး(ဇွန်လ ၂၇ရက်)၊ ဆလိုင်းစည်သူအောင် (၂၀၂၁ ဇန်နဝါရီ ၂၃)၊ ဆလိုင်း Ling Om (၂၀၂၁ စက်တင်ဘာ ၂၅ရက်)၊ ဆလိုင်း Aung Hone Mang (၂၀၂၁ စက်တင်ဘာ ၂၄ရက်)၊ ဆလိုင်း Ling Shwe (၂၀၂၁ မေလ ၃၀ရက်)၊ ဆလိုင်း Aung Ling (၂၀၂၁ မေလ ၃၀ရက်) တို့ တိုင်းပြည်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်သည်။

“ဒီသူရဲကောင်းရဲဘော် ၇ ဦးရဲ့ ကျန်ရစ်သူမိသားစုကို ကူညီစောင့်ရှောက်တဲ့အနေနဲ့ Chin Defence Force – Kanpetlet က”ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်” အား ဝယ်ယူပြီးလှူဒါန်းပေးအပ် ဂုဏ်ပြုလိုက်ပါတယ်” ဟု ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ပြည်သူများအနေဖြင့် နွေဦးသူရဲကောင်းများအား ရည်စူးပြီး ၎င်းတို့၏ ကျန်ရစ်သူမိသားစုအတွက် “ဒို့ … နွေဦးသူရဲကောင်းအတွက် ငွေတိုက်စာချုပ်”များကို ဆက်သွယ်ဝယ်ယူလှူဒါန်းပေးနိုင်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။