Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်

ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်နေသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို မြို့နယ်ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

“မနေ့က (ဇူလိုင် ၃၁ ရက်) ညနေပိုင်းက စခ တွေ လက်နက်ကြီးနဲ့ ကို ငါးချက်လောက် ပစ်တာ။ စစ်ရှောင်စခန်းတစ်ခုထဲကို ရောက်ခဲ့တယ်”ဟု Kayan Generation Youth တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက် နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်းKamlaat-Kayah IDPs Assistance Network က အတည်ပြုသည်။

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်
ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်

ယခုဖြစ်စဥ်မတိုင်မီကပင် ဇူလိုင် ၁၈ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု အား အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး များဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်နေသည်။

“ဒီးမော့ဆိုအနောက်ခြမ်းမှာက စစ်ဘေးရှောင်အများဆုံးရှိနေတာ။အဲဒါကို စခ တွေ အနေနဲ့လည်း သိနေတာပဲ။ဒါပေမယ်လို့ အခုလို အကြောင်မဲ့ ရမ်းသမ်းပစ်ခတ်တာ တွေက သူတို့ရဲ့ အကြမ်းဖက်နေတဲ့လုပ်ရပ်တွေကို ဖော်ပြနေတာပဲ”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် လူဦးရေ နှစ်သိန်းကျော်စစ်ဘေးရှောင်နေရသော ကရင်နီ ဒေသတွင် စစ်မဲ့ဇုန် ဖန်တီး ပေးရန် ကရင်နီပြည် နယ်အတိုင်ပင်ခံကောင်စီ (KSCC)က ကုလသမဂ္ဂလအောက်ခံ အဖွဲ့အစည်းများကို တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်း များ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့်အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိ နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။