Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်

ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်နေသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို မြို့နယ်ရှိ စစ်ရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်မှုရှိကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

“မနေ့က (ဇူလိုင် ၃၁ ရက်) ညနေပိုင်းက စခ တွေ လက်နက်ကြီးနဲ့ ကို ငါးချက်လောက် ပစ်တာ။ စစ်ရှောင်စခန်းတစ်ခုထဲကို ရောက်ခဲ့တယ်”ဟု Kayan Generation Youth တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လက် နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီးမော့ဆို စစ်ရှောင်စခန်းတစ်ခုမှ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်းKamlaat-Kayah IDPs Assistance Network က အတည်ပြုသည်။

ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်
ဒီးမော့ဆိုရှိ စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် (၁၃)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်

ယခုဖြစ်စဥ်မတိုင်မီကပင် ဇူလိုင် ၁၈ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသော ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းတစ်ခု အား အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး များဖြင့် အကြိမ်ကြိမ်ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ နှစ်သိန်းဝန်းကျင်ရှိနေပြီး ဒီးမော့ဆို မြို့နယ်၌ စစ်ဘေးရှောင်ပြည်သူ ၈၀,၀၀၀ ခန့်ဖြင့် အများဆုံးဖြစ်နေသည်။

“ဒီးမော့ဆိုအနောက်ခြမ်းမှာက စစ်ဘေးရှောင်အများဆုံးရှိနေတာ။အဲဒါကို စခ တွေ အနေနဲ့လည်း သိနေတာပဲ။ဒါပေမယ်လို့ အခုလို အကြောင်မဲ့ ရမ်းသမ်းပစ်ခတ်တာ တွေက သူတို့ရဲ့ အကြမ်းဖက်နေတဲ့လုပ်ရပ်တွေကို ဖော်ပြနေတာပဲ”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ထို့ကြောင့် လူဦးရေ နှစ်သိန်းကျော်စစ်ဘေးရှောင်နေရသော ကရင်နီ ဒေသတွင် စစ်မဲ့ဇုန် ဖန်တီး ပေးရန် ကရင်နီပြည် နယ်အတိုင်ပင်ခံကောင်စီ (KSCC)က ကုလသမဂ္ဂလအောက်ခံ အဖွဲ့အစည်းများကို တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေများ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်း များ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့်အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိ နေကြောင်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။