Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးတွင် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့် ရဲဘော်နှစ်ဦးကျဆုံးခဲ့ရ၊ ဝမ်းနည်းကြောင်း KURDAF ထုတ်ပြန်

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

(ကျဆုံးရဲဘော်နှစ်ဦး၏ အုတ်ဂူအား တွေ့ရစဉ်၊ ဓာတ်ပုံ-KURDAF)
(ကျဆုံးရဲဘော်နှစ်ဦး၏ အုတ်ဂူအား တွေ့ရစဉ်၊ ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့်ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပြီး ၎င်းတို့အတွက် ဝမ်းနည်းကြောင်း ခင်ဦးနယ်ဒေသခံကာကွယ်ရေးမဟာမိတ်အင်အားစု(KURDAF)အဖွဲ့က ယမန်နေ့ (ဇူလိုင် ၃၁)က ထုတ်ပြန်သည်။

ဇူလိုင် ၁၈ရက်က ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)၏ မဟာမိတ်အဖွဲ့ဝင် ဒေသခံကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

၎င်းရဲဘော်နှစ်ဦးသည် ခင်ဦးမြို့နယ်၊ ယာတော်-ဥယျာဉ်-သာဝတ္ထိ-မုံလှ-ကျီစုလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းနှင့် တည့်တည့်တိုးပြီး ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

အလားတူ ဇူလိုင် ၂၆ ရက်ကလည်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)၏ မဟာမိတ်အဖွဲ့ဝင်ကာကွယ်ရေး ခေါင်းဆောင်တစ်ဦး ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုနေ့က ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် အသက် (၁၃)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်သင့်ခဲ့သည်။

ကျဆုံးကာကွယ်ရေးခေါင်းဆောင်သည် ထိုကလေးငယ်ကို ဆေးကုသရန် ကားဖြင့်ကယ်ထုတ် လာစဥ် ရွာအနီးအနားတွင် အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်း၏ ပစ်ခတ်မှုကြောင့်ကျည်ထိမှန် ကျဆုံးခဲ့သွားခဲ့ခြင်း ဖြစ်သည်။

ကျဆုံးသွားသော ဒေသခံကာကွယ်ရေး ခေါင်းဆောင်နှင့် ရဲဘော်နှစ်ဦး၏ ခေါင်းဆောင်ပီသမှု ၊ စွန့်လွတ်မှု ၊ ရဲရင့်မှုတို့အတွက် ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF) အဖွဲ့(၈)ဖွဲ့က အလေးနီပြုပြီး ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

ထို့အပြင် မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် မပြီးဆုံးသေးသော စစ်အာဏာရှင် စနစ်ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု (KURDAF)က ကတိပြုခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ မဟာမိတ် ဖြစ်တဲ့ ဗထူးတပ်ဖွဲ့ကို ဗိုလ်ကော်လားဖိုး ဦးဆောင်တဲ့ KTLA တပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ ကနဦးမှာ ရဲဘော် ၄ဦး ကျဆုံးခဲ့ပြီး ရဲဘော် ၂ဦး ပျောက်ဆုံးခဲ့ရာ ပျောက်ဆုံးရဲဘော်တွေရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။