Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် ရဲတပ်ရင်းမှ ဒုရဲမှူးတစ်ဦး ရှင်းလင်းခံရ

ဒုရဲမှူးကိုကိုလွင်သည် သေနတ်ဒဏ်ရာ ၁၀ချက်တိတိပစ်ခံရသဖြင့် သေဆုံးသွား သည်ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖားကန့်
ဖားကန့်

ဖားကန့်မြို့ အ​ခြေစိုက်ရဲတပ်ရင်းမှ ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ၁၀ချက်တိတိ ပစ်ခံရပြီး သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း (၃၀)ဂိတ်တွင် တာဝန်ကျ နေသည့် ဒုရဲမှူးကိုကိုလွင်ကို ကား​ဖြင့်ရောက်လာသည့်လူအချို့က ပစ်သတ် သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့(သြဂုတ် ၃ရက်) မနက် ၈နာရီလောက်က။ ကားသုံးစီးနဲ့ လာပစ်တာ။ သေတဲ့ရဲရဲ့အလောင်း ကို သူတို့(စစ်ကောင်စီ) လာကောက်သွားတယ်။ ရေခဲတိုက်ကို ပို့နေပြီ”ဟု ဆိပ်မူဒေသခံတစ်ဦးက ပြောသည်။

ဒုရဲမှူးကိုကိုလွင်သည် သေနတ်ဒဏ်ရာ ၁၀ချက်တိတိပစ်ခံရသဖြင့် သေဆုံးသွား သည်ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒုရဲမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ၍ ဒေသခံများ အသွားအလာ ဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး က သတ်ိပေးသည်။

ယနေ့ ပစ်ခတ်မှုတွင် ဒုရဲမှူးကိုကိုလွင် သေဆုံးသည့်အပြင် ရဲအချို့လည်း ဒဏ်ရာရသည်ဟု သတင်းရရှိသည်။ အသေးစိတ် ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာမှာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို KIA၊ KPDFတို့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများနေပြီး ပြည်သူ့စစ်တွေနဲ့စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးသေဆုံးထိခိုက်​နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်စွဲထားတဲ့ လုံးခင်းကျေးရွာက နေအိမ်တစ်အိမ် ဓားပြတိုက်ခံလိုက်ရပြီး စစ်တပ်က အရပ်သားဟန်ဆောင်ပြီး ဓားပြတိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင် ရပ်ကွက်လမ်းဆုံမှာ စစ်တပ်က အမျိုးသား ၄ဦးကို သတ်ဖြတ်ပြီး ရုပ်အလောင်းတွေကို ကားနဲ့ လမ်းဘေးတနေရာ စွန့်ပစ်သွားတယ်လို့ ဖားကန့် ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။