Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် ရဲတပ်ရင်းမှ ဒုရဲမှူးတစ်ဦး ရှင်းလင်းခံရ

ဒုရဲမှူးကိုကိုလွင်သည် သေနတ်ဒဏ်ရာ ၁၀ချက်တိတိပစ်ခံရသဖြင့် သေဆုံးသွား သည်ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဖားကန့်
ဖားကန့်

ဖားကန့်မြို့ အ​ခြေစိုက်ရဲတပ်ရင်းမှ ဒုရဲမှူးတစ်ဦး သေနတ်ဖြင့် ၁၀ချက်တိတိ ပစ်ခံရပြီး သုတ်သင်ရှင်းလင်းခံလိုက်ရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအခြေစိုက် ရဲတပ်ရင်း (၃၀)ဂိတ်တွင် တာဝန်ကျ နေသည့် ဒုရဲမှူးကိုကိုလွင်ကို ကား​ဖြင့်ရောက်လာသည့်လူအချို့က ပစ်သတ် သွားခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့(သြဂုတ် ၃ရက်) မနက် ၈နာရီလောက်က။ ကားသုံးစီးနဲ့ လာပစ်တာ။ သေတဲ့ရဲရဲ့အလောင်း ကို သူတို့(စစ်ကောင်စီ) လာကောက်သွားတယ်။ ရေခဲတိုက်ကို ပို့နေပြီ”ဟု ဆိပ်မူဒေသခံတစ်ဦးက ပြောသည်။

ဒုရဲမှူးကိုကိုလွင်သည် သေနတ်ဒဏ်ရာ ၁၀ချက်တိတိပစ်ခံရသဖြင့် သေဆုံးသွား သည်ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒုရဲမှူးအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးနေ၍ ဒေသခံများ အသွားအလာ ဂရုစိုက်ကြရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး က သတ်ိပေးသည်။

ယနေ့ ပစ်ခတ်မှုတွင် ဒုရဲမှူးကိုကိုလွင် သေဆုံးသည့်အပြင် ရဲအချို့လည်း ဒဏ်ရာရသည်ဟု သတင်းရရှိသည်။ အသေးစိတ် ဆက်လက်ဖော်ပြပါမည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီနှင့် ရှမ်းနီပြည်သူ့စစ် ပူးတွဲနေရာယူထားသည့် နန့်ယားတပ်စခန်းကို ဧပြီ ၉ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ ဧပြီ ၁၁ရက် နံနက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်နှင့် ရှမ်းနီပြည်သူ့စစ် တို့ တပ်စွဲထားသည့် နန့်ယားတပ်စခန်းကို နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ရာ ယနေ့မနက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

တာမခန်တိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်း ပစ်ကူ အများအပြားပေး၍ တိုက်ပွဲပြင်းထန်​နေ​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီဘက်ကလည်း ယနေ့ နံနက်တွင် တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။