Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝတွင်AAနှင့်စစ်ကောင်စီတိုက်ပွဲများဆက်တိုက်ဖြစ်နေ၊ အင်အားဖြည့်နေ၍ ပိုးပြင်းထန်လာနိုင်ဟု ဒေသခံပြော

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ
AA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ-CJ

ချင်းပြည်နယ်ပလက်၀ မြို့နယ်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယခုဩဂုတ်လဆန်းပိုင်း၌ တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေကြောင်း ပလက်၀ ဒေသခံတစ်ဦးက ပြောသည်။

“နပဒါ ကျေးရွာမှာ ဘုရားကုန်းရှိတယ်။ အဲဒီအနီးတဝိုက်မှာ သူတို့(စစ်ကောင်စီတပ်) နေရာယူထားတယ။ နပဒါ ကျေးရွာ အုပ်စု ထဲက ကျေးရွာတွေရှိတယ်။ အဲဒီ ရွာအနီးတဝိုက်ဖြစ်တာ” ဟု ဒေသခံက ပြောသည်။

ပလက်၀ မြို့နယ် နှပဒါကျေးရွာအုပ်စုအတွင်း ကုလားတန်မြစ်အရှေ့ဘက်ခြမ်း၌ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးအခြေအနေများကို မသိရဟု ၎င်းက ဆိုသည်။

“မြစ်အရှေ့ဘက်ခြမ်းမှာရှိတဲ့နေရာမှာတွေက တပ်နေရာတွေ အရှေ့ဘက်ခြမ်းတွေမှာပဲဖြစ်တယ်။ AAနဲ့ စစ်တပ်နဲ့ ဖြစ်တာက အရှေ့ဘက်ခြမ်းတွေမှာပဲ ဖြစ်တာ။ ၁ရက်နေ့ကတည်းကတိုင် ဖြစ်နေပြီ။ ဖြစ်နေပြီး တပ်ဘက်က နည်းနည်း အကျအဆုံးများတယ်လို့ ကြားရတယ်။ ဒါကတော့ အသေအချာမသိဘူး” ဟု ပလက်၀ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသတွင်ဩဂုတ် ၂ရက်က ကျောင်းသားကျောင်းသူများ ပါသည့် စက်လှေ ကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကျောင်းသား ၂ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

“အခုဟာက နှစ်ဖက် ထိပ်တိုက်ဖြစ်တဲ့အချိန် မတော်တဆ ထိသွားတာမျိုးမဟုတ်ဘဲနဲ့ ရည်ရွယ်ပြီးမှတောင် ပစ်တယ်လို့ ရန်သူလို သဘောထားပြီးမှ ပစ်တယ်လို့ သုံးသပ်ချင်တဲ့ အနေအထားရှိနေတယ်။ အဲဒီနေရာမှာကလည်း တပ်ပဲ အခြေချထားတာ။ အဲဒီတော့ သူတို့က လူထုသွားတဲ့ လှေကို ဘာမှ ကြိုတင် အသိပေးခြင်းမရှိဘဲနဲ့ ဒီလိုမျိုး ပစ်ခတ်မှု လုပ်ရပ်ဆိုတာက မဖြစ်သင့်ဘူး” ဟုလည်း ဒေသခံက ပြောကြားသည်။

ယနေ့ ဩဂုတ် ၄ရက်နေ့အထိ ပစ်ခတ်မှုများ ရှိသည်ဟု သတင်းကြားရသော်လည်း အတိအကျ မသိရဟု ၎င်းကဆိုသည်။

“သူတို့က ထပ်ပြီး ဖြစ်ဖို့ ရှိတယ်ဆိုတာကတော့ အင်အားတွေဖြည့်နေကြတယ်လို့ ကြားတယ်” ဟု ပလက်၀ ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။