Connect with us

Hi, what are you looking for?

သတင်း

ခိုင်မာသည့်တိုးတက်မှုမရှိပါက စစ်ကောင်စီကို အာဆီယံက ဆက်လက်ဖယ်ကြဉ်ထားမည်ဟုအာဆီယံအထူးကိုယ်စားလှယ်ပြော

မြန်မာ့အကျပ်အတည်းသည် ယုံကြည်မှုမရှိခြင်းနှင့် နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့ခြင်းတို့ဖြစ်ကြောင်း လည်း အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

ဓါတ်ပုံ-ANN
ဓါတ်ပုံ-ANN

အတိုက်အခံများနှင့်ဆွေးနွေးပြီး ခိုင်မာသည့်တိုးတက်မှုမရှိပါက အာဏာသိမ်းစစ်ကောင်စီကို အာဆီယံက ဆက်လက်ဖယ်ကြဉ်ထားမည်ဟု အလှည့်ကျဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ယနေ့ပြောသည်။

မည်သည့်ဘက်ကမျှ တိုက်ခိုက်မှုများကို အလျှော့ပေးမည့်ပုံစံမတွေ့ရသော်လည်း မြန်မာ့အရေးနှင့် ပတ်သက်၍ လက်မြှောက်အရှုံးပေးမည်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးပရက်ဆော့ခွန်းက ဆိုသည်။

သို့သော် ကာလတိုအတွင်း ကြီးမားသောတိုးတက်မှုရရှိအတွက် ၎င်းအတွက်မျှော်လင့်ချက် မှေးမှိန်နေသည်။

“ကျွန်တော်က အထူးကိုယ်စားလှယ်တစ်ယောက်သာဖြစ်တယ်။ ကျွန်တော် စူပါမန်းမဟုတ်ဘူး။ စူပါမန်းတောင် မြန်မာပြဿနာကို မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်ထင်တယ်” ဟု ပရက်ဆော့ခွန်းက သတင်းထောက်များကို ပြောသည်။

Public Service Announcement

Public Service Announcement

မကြာသေးမီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီက ကွပ်မျက်လိုက်ခြင်းမှာ ငြိမ်းချမ်းရေးမျှော်လင့်ချက်အတွက် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်ပြီး မြန်မာ့အရေး နှင့်ပတ်သက်၍ အာဆီယံ၏ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားသုံးသပ်နေကြောင်းလည်း ၎င်းက အသိပေးသည်။

မြန်မာ့အကျပ်အတည်းသည် ယုံကြည်မှုမရှိခြင်းနှင့် နိုင်ငံရေးစိတ်ဆန္ဒကင်းမဲ့ခြင်းတို့ဖြစ်ကြောင်း လည်း အာဆီယံအထူးကိုယ်စားလှယ်က ရှုမြင်သည်။

“တွေ့ဆုံမှုတစ်ကြိမ်၊ နှစ်ကြိမ်၊ နှစ်ပေါင်းများစွာ ဆွေးနွေးရုံနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ပြဿနာမျိုးအတွက် ညှိနှိုင်းတယ်ဆိုတာ နှစ်ပေါင်းများစွာ အချိန် ယူပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နှစ်ကြိမ်ပြီးနောက်(နှစ်ကြိမ်တည်းသာ) လူတချို့က စိတ်မရှည်တော့ဘဲ ရလဒ်တွေကို မေးနေကြပြီ” ဟု ပရက်ဆော့ခွန်းက ပြောသည်။

အာဆီယံအထူးကိုယ်စားလှယ်သည် လာမည့်စက်တင်ဘာလဆန်းတွင် ၎င်း၏ တတိယမြောက် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသွားရောက်ရန် စီစဉ်ထားပြီး အာဆီယံဘုံဆုံးဖြတ်ချက် ၅ ရပ်တိုးတက်မှုအပေါ် မူတည်ကြောင်း ပြောသည်။

ဩဂုတ် ၅ ရက်တွင် ပြီးဆုံးခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်တွင် စစ်ကောင်စီကို လွန်စွာစိတ်ပျက်ကြောင်းထည့်သွင်းဖော်ပြထားပြီး ယင်းပူးတွဲကြေညာချက်ကို အကြမ်းဖက်စစ်ကောင်စီက လက်မခံပယ်ချကြောင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် တရားမဝင်အာဏာသိမ်းပြီးချိန်ကတည်းက နိုင်ငံတကာမျက်နှာစာတွင် အသိအမှတ်ပြု မခံရသော အကြမ်းဖက်စစ်ကောင်စီသည် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို ကွပ်မျက်အပြီးတွင် ဒေသတွင်းနှင့် နိုင်ငံတကာ၏ ပိုမိုဖယ်ကြဉ်ထားမှုများ တိုးပွားလာနေသည်။

ကိုးကား – Channelnewsasia

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook