Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် NUG ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

အဆိုပါ ကျေးရွာတွင် ဆရာ၊ဆရာမ ၇၀ ဝန်းကျင်ဖြင့် ကျောင်းသား၊ကျောင်းသူ ၆၀၀ ကျော်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေကြောင်း သိရသည်။

ဓာတ်ပုံ - Thet Oo/Facebook
ဓာတ်ပုံ - Thet Oo/Facebook

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ (ဩဂုတ် ၆)က ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ကျေးရွာတွင် ဆရာ၊ဆရာမ ၇၀ ဝန်းကျင်ဖြင့် ကျောင်းသား၊ကျောင်းသူ ၆၀၀ ကျော်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များ နယ်မြေစိုးမိုးမှု အားကောင်းလာသည့် ယင်းမာပင်ခရိုင်အတွင်း NUG ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် CDM ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများ ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားပေးနေကြပြီး ပညာရေးစုံညီပွဲတော်များနှင့် အားကစားပွဲတော်များကိုလည်း ကျင်းပပြုလုပ်လျက်ရှိကြသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။