Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီယန္တရားများအားချုပ်ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟုရန်ကုန်တိုင်းတပ်မဟာပြော

လက်ရှိတွင် ရန်ကုန်တိုင်းတပ်မဟာအား ရန်ကုန်အခြေ စိုက် မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု (၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး NUG သည် ၎င်းတို့၏ တော်လှန် ရေးတပ်ဦးအဖြစ် ခံယူထားကြောင်း တပ်မဟာက အသိ ပေးထားသည်။

ရန်ကုန်တိုင်းတပ်မဟာ၏အမှတ်တံဆိပ်နှင့်အလံ
ရန်ကုန်တိုင်းတပ်မဟာ၏အမှတ်တံဆိပ်နှင့်အလံ

●လက်ရှိစစ်ဆင်​ရေးများမှာပထမလှိုင်းဖြစ်ပြီးမကြာခင်ဒုတိယလှိုင်း(Eagle Wave)သို့ကူး​ပြောင်းရန်အချိန်​ရောက်လာ​တော့မည်ဟုတာဝန်ရှိသူ​ပြော

ရန်ကုန်တိုင်းအတွင်းရှိ စစ်ကောင်စီ၏ယန္တရားများအား ချုပ်ကိုင်နိုင်သည်အထိ လှိုင်းသုံးလှိုင်းဖြင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ပြောက်ကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက ယနေ့(သြဂုတ် ၇)တွင် အသိပေးပြောကြားလိုက်သည်။

ယနေ့နေ့လယ်ပိုင်းက အွန်လိုင်းမှ ပြုလုပ်သော ရန်ကုန် တိုင်းတပ်မဟာ၏ ပထမအကြိမ် မီဒီယာရှင်းလင်းပွဲတွင် တပ်မဟာတာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းက စစ်ကောင်စီအဖွဲ့တွေကို ကျွန်မတို့ Wave သုံး Wave နဲ့ တိုက်ပါ့မယ်။ Wave သုံး Wave နဲ့ တိုက်မယ်ဆိုတဲ့နေရာမှာ ပထမ Wave၊ first wave က Rosey Wave လို့ နာမည်ပေးထားတယ်။ Rosey Wave ဆိုတော့ နှင်းဆီလှိုင်းပေါ့နော်။ နှင်းဆီလှိုင်းဆိုတဲ့အတိုင်းပဲ ပန်းဆိုတော့ ပျော့ပျော့လေးတွေပေါ့။ ပျော့ပျော့လေးတွေက ဘာတွေဖြစ်မလဲဆိုတော့ ကျွန်မတို့ ဖောက်ခွဲမှုလေးတွေဖြစ်တယ်။ ဒီဖောက် ခွဲမှုလေးတွေဟာ Rosey Wave ရဲ့ အစလေးတွေပေါ့”ဟု ရန်ကုန်တိုင်းတပ်မဟာ၏ ပြောရေးဆိုခွင့်ရှိ Vivienne က ပြောသည်။

ထောက်ကြံ့မြို့၊ ရွှေနံ့သာရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဇနီး တို့ကို ရန်ကုန်တိုင်းတပ်မဟာမှ အဖွဲ့ဝင်များက​ပစ်ခတ်ရှင်းလင်းပြီး​နောက်စစ်​ကောင်စီတပ်ကစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-CJ
ထောက်ကြံ့မြို့၊ ရွှေနံ့သာရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဝင်းနိုင်ထွန်းနှင့်ဇနီး တို့ကို ရန်ကုန်တိုင်းတပ်မဟာမှ အဖွဲ့ဝင်များက​ပစ်ခတ်ရှင်းလင်းပြီး​နောက်စစ်​ကောင်စီတပ်ကစစ်​ဆေး​နေစဥ် ။ ။ဓါတ်ပုံ-CJ

အဆိုပါ Rosey Wave(နှင်းဆီလှိုင်း)တွင် အစိပ်အပိုင်းတစ်ခုအနေဖြင့် Justice Lady Mission ခေါင်းစဥ်ဖြင့် စစ်ကောင်စီ၏ တရားရုံးများ၊ ထောက်တိုင်းများအား တိုက်ခိုက်ခဲ့ပြီးဖြစ်သလို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း လည်း၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ ကျန်လှိုင်းနှစ်ခုမှာ Eagle Wave နှင့် Dragon Wave တို့ဖြစ်ပြီး People Wave ခေါ် လူထုလှိုင်းတွင် စစ်တင်ရေးများ ယခုထက်ပိုမိုကြမ်းလာမည်ဖြစ်ပြီး ဖောက်ခွဲမှုများအပြင်ပစ်ခတ်တိုက်ခိုက်မှုများပါဝင်လာမည်ဖြစ်ကြောင်းရန်ကုန်တိုင်းတပ်မဟာက ပြောသည်။

ဒုတိယလှိုင်းဖြစ်သည့် Eagle Wave အား အရှိန်မြှင့်ပြီးနောက် နောက်ဆုံးလှိုင်းဖြစ်သည့် Dragon Wave သည် ရန်ကုန်တိုင်းအား သိမ်းယူမည့် ဗျူဟာဖြစ်ပြီး ရင်ဆိုင်တိုက်ပွဲများပြုလုပ်ခြင်း၊ စခန်းသိမ်းစစ်တင်ရေးများ ပြုလုပ်ခြင်းတို့ဖြင့် စစ်ဆင်ရေးများ၏ အကြမ်းတမ်းဆုံးအခြေအနေတစ်ခုကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။

ထိုသို့ စစ်ရေးဗျူဟာအရ လှိုင်းအဆင့်ဆင့်အား အကောင်အထည်ဖော်ရာတွင် ပထမလှိုင်းတွင် ရန်ကုန်တိုင်းအတွင်းသာ ပစ်မှတ်ထားပြီး ဒုတိယလှိုင်းတွင်မူ ရန်ကုန်တိုင်းနှင့် ထိစပ်နယ်နမိတ်များအထိ ပစ်မှတ်ထားမည်ဖြစ်ကာ တတိယလှိုင်း Dragon Wave ၌မူ ရန်ကုန်တိုင်းပြင်ပရှိ EAOs များ၊ အခြားတော်လှန်ရေးမဟာမိတ်များနှင့် ချိတ်ဆက်ပြီး အဆင့်ဆင့် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

“ကျွန်မတို့ အခုလက်ရှိမှာကတော့ Rosey လှိုင်းထဲမှာပဲ ရှိနေပါသေးတယ်။ အဲတော့ Rosey လှိုင်းထဲမှာပဲရှိနေသေးတယ်။ နောက်ပြီးတော့ ကျွန်မတို့က ဒီဗျူဟာသုံးရပ် လှိုင်းသုံးလှိုင်းနဲ့တိုက်မယ်လို့ ပြောလိုက်တဲ့အချိန်မှာ ကျွန်မတို့မြင်တာက လှိုင်းဆိုတဲ့သဘောတရားအရ လှိုင်းအသေးလေးတွေကစပြီး အားလုံးကဝိုင်းပြီး စီးလို့ရပါတယ်။ ပြီးတော့ ဒီလှိုင်းကိုပဲ ဘယ်သူကစတယ်၊ ဘယ်နေရာကစနယ်ဆိုတာ မသိနိုင်ပါဘူး”ဟု တပ်မဟာ၏ ပြောရေးဆိုခွင့်ရှိသူ Vivienne က People’s Spring သို့ ပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်း၏ စစ်ရေးတိုက်ခိုက်မှုအခြေ အနေမှာ နှင်းဆီလှိုင်းအတွင်း ရှိနေသေးသည်ဆိုသော် လည်း မကြာမီ ဒုတိယလှိုင်း(Eagle Wave)သို့ ကူး ပြောင်းရန် အချိန်ကျလာတော့မည်ဟု၎င်းက အသိပေးသည်။

ရန်ကုန်တိုင်းတပ်မဟာသည် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေးလုပ်ဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ဆောင်ရွက်ချက်များအပေါ် ကူညီရာရောက်မည့် စစ်ဆင်ရေးများကိုသာ ပြုလုပ်သွားမည်ဖြစ်ပြီး NUG ၏ စစ်ရေးရည်မှန်းချက်နှင့် လုပ်ရန်များကို လုံးဝဆန့်ကျင်သွားမည်မဟုတ်ကြောင်းလည်းပြောသည်။

လက်ရှိတွင် ရန်ကုန်တိုင်းတပ်မဟာအား ရန်ကုန်အခြေ စိုက် မြို့ပြပြောက်ကျားတော်လှန်ရေးအင်အားစု (၁၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး NUG သည် ၎င်းတို့၏ တော်လှန် ရေးတပ်ဦးအဖြစ် ခံယူထားကြောင်း တပ်မဟာက အသိ ပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook