Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းက မူးယစ်သမားများကို မဖမ်းသည့်အပြင် မူးယစ်ဆေးရောင်းချနေဟု TNLA အသိပေး

“ ထိုလယ်ကွင်းအထက်တွင် မြန်မာ့စစ်တပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့ နှစ်ချီ တပ်စခန်းချနေကြခဲ့ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူတွေကို မဖမ်းဆီးတဲ့အပြင် သုံးစွဲသူတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတာ ရှိကြောင်း မြို့ခံတစ်ဦးထံ သိရသည်”ဟု TNLAက ထုတ်ပြန် သည်။

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

▪️ယင်းတပ်စခန်းအောက်ရှိ မူးယစ်ဆေးသမားများနေထိုင်ရာ တဲအိမ်များကို မီးရှို့ခဲ့ဟု ဖော်ပြ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့အနီးရှိ လယ်ကွင်းတွင် မူးယစ်ဆေးဝါးသမားများ တဲဆောက် နေထိုင်ကြသည့် နေရာကို တအာင်းတပ်မတော်(PSLF/TNLA) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး တဲအိမ်များကို ဖျက်ဆီးလိုက်ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

“ ထိုလယ်ကွင်းအထက်တွင် မြန်မာ့စစ်တပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့ နှစ်ချီ တပ်စခန်းချနေကြခဲ့ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူတွေကို မဖမ်းဆီးတဲ့အပြင် သုံးစွဲသူတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတာ ရှိကြောင်း မြို့ခံတစ်ဦးထံ သိရသည်”ဟု TNLAက ထုတ်ပြန် သည်။

TNLA အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ သြဂုတ် ၅ ရက်အထိ ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၁၆ဦးနှင့် ရောင်းဝယ်သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သုံးစွဲသူ ၁၁၆ ဦး အနက် တအာင်း ၄၉ဦး၊ ရှမ်း ၂၄ဦး၊ ကချင် ၁၇ဦး၊ တရုတ် ၁၅ဦး၊ ဗမာ ၈ဦး၊ ရက္ခိုင် နှစ်ဦးနှင့် အခြားလူမျိုး တစ်ဦးတို့ဖြစ်ပြီးရောင်းဝယ်သူ တစ်ဦးကို ဘိန်းဖြူ ပုလင်း (၁) ဝက်၊ ယာမဆေးပြား ၁၀၃ပြား တို့နှင့်အတူ ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုမူးယစ်းဆေးဝါးသုံးစွဲသူများမှာ ဇာတိနေအိမ်ကို မပြန်ဘဲ လယ်ကွင်းအနီး ၌ တဲဆောက် နေထိုင်ကြကြောင်း၊ နမ့်ခမ်းမြို့ထဲမှာ ဗူးခွံ လိုက်ကောက်ပြီး အခြားပြန်ရောင်းလို့ရသည့် အရာများကို ခိုးယူလုယက်ကြကြောင်း၊ ထို့ကြောင့် ဆက်လက် စုဖွဲ့မနေထိုင်နိုင်စေရန် ၎င်းတို့ တဲအိမ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် တအာင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်နေသူများကို PSLF/TNLA က ရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးရမိထားသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။