Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့အနီးရှိ စစ်ကောင်စီတပ်စခန်းက မူးယစ်သမားများကို မဖမ်းသည့်အပြင် မူးယစ်ဆေးရောင်းချနေဟု TNLA အသိပေး

“ထိုလယ်ကွင်းအထက်တွင် မြန်မာ့စစ်တပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့ နှစ်ချီ တပ်စခန်းချနေကြခဲ့ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူတွေကို မဖမ်းဆီးတဲ့အပြင် သုံးစွဲသူတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတာ ရှိကြောင်း မြို့ခံတစ်ဦးထံ သိရသည်”ဟု TNLAက ထုတ်ပြန် သည်။

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

▪️ယင်းတပ်စခန်းအောက်ရှိ မူးယစ်ဆေးသမားများနေထိုင်ရာ တဲအိမ်များကို မီးရှို့ခဲ့ဟု ဖော်ပြ

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့အနီးရှိ လယ်ကွင်းတွင် မူးယစ်ဆေးဝါးသမားများ တဲဆောက် နေထိုင်ကြသည့် နေရာကို တအာင်းတပ်မတော်(PSLF/TNLA) မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဝင်ရောက်စစ်ဆေးပြီး တဲအိမ်များကို ဖျက်ဆီးလိုက်ကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

“ထိုလယ်ကွင်းအထက်တွင် မြန်မာ့စစ်တပ် နှင့် ပြည်သူ့စစ်အဖွဲ့တို့ နှစ်ချီ တပ်စခန်းချနေကြခဲ့ပေမယ့် မူးယစ်ဆေးဝါးသုံးစွဲသူ၊ ရောင်းဝယ်သူတွေကို မဖမ်းဆီးတဲ့အပြင် သုံးစွဲသူတွေကို မူးယစ်ဆေးဝါး ရောင်းချပေးနေတာ ရှိကြောင်း မြို့ခံတစ်ဦးထံ သိရသည်”ဟု TNLAက ထုတ်ပြန် သည်။

TNLA အနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှ သြဂုတ် ၅ ရက်အထိ ဝင်ရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးသုံးစွဲသူ ၁၁၆ဦးနှင့် ရောင်းဝယ်သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သုံးစွဲသူ ၁၁၆ ဦး အနက် တအာင်း ၄၉ဦး၊ ရှမ်း ၂၄ဦး၊ ကချင် ၁၇ဦး၊ တရုတ် ၁၅ဦး၊ ဗမာ ၈ဦး၊ ရက္ခိုင် နှစ်ဦးနှင့် အခြားလူမျိုး တစ်ဦးတို့ဖြစ်ပြီးရောင်းဝယ်သူ တစ်ဦးကို ဘိန်းဖြူ ပုလင်း (၁) ဝက်၊ ယာမဆေးပြား ၁၀၃ပြား တို့နှင့်အတူ ဖမ်းမိခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုမူးယစ်းဆေးဝါးသုံးစွဲသူများမှာ ဇာတိနေအိမ်ကို မပြန်ဘဲ လယ်ကွင်းအနီး ၌ တဲဆောက် နေထိုင်ကြကြောင်း၊ နမ့်ခမ်းမြို့ထဲမှာ ဗူးခွံ လိုက်ကောက်ပြီး အခြားပြန်ရောင်းလို့ရသည့် အရာများကို ခိုးယူလုယက်ကြကြောင်း၊ ထို့ကြောင့် ဆက်လက် စုဖွဲ့မနေထိုင်နိုင်စေရန် ၎င်းတို့ တဲအိမ်ကို မီးရှို့လိုက်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၏ ရည်မှန်းချက်တစ်ခုဖြစ်သည့် တအာင်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးပပျောက်ရေး ဆိုသည့်အတိုင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်နေသူများကို PSLF/TNLA က ရှာဖွေဖမ်းဆီးပြီး ဖမ်းဆီးရမိထားသူများကို ပြင်းပြင်းထန်ထန် အပြစ်ပေး အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook