Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာ (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက “ကြားရတဲ့အသံက တော်တော်ကျယ်တယ် ညတုန်းက။(င)ရပ်ကွက်ရုံးက ခဏခဏ တိုက်ခိုက်ခံရတယ်။ သူကလမ်းမပေါ်တင်ပါ ရုံးက။ သံဇကာတွေ ကာထားတာ။ ဘန်ကာတွေလည်း ရှိပါတယ်”ဟု ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံတွင် ဧည့်စာရင်းတိုင်သူအချို့အား တွေ့ရစဥ်(ပုံဟောင်း)
မြောက်ဥက္ကလာပမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးရုံးတစ်ရုံတွင် ဧည့်စာရင်းတိုင်သူအချို့အား တွေ့ရစဥ်(ပုံဟောင်း)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဘုရားသခင်၏ တရားစီရင်မည့်လက်များအဖွဲ့ (GHF)က အသိပေးထုတ် ပြန်သည်။

ယမန်နေ့ (သြဂုတ် ၇ ရက်)ည ၉ နာရီ ၄၀ ခန့်က GHF နှင့် GZDF မဟာမိတ်အဖွဲ့များပူးပေါင်းပြီး (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

“GZDF ရဲ့ လုပ်ရည်ကိုင်ရည်ပါပဲ။ မဟာမိတ်ညီအကိုများရဲ့ ပူးပေါင်းမှုဆိုပါတော့။ ဒါပေသိ GHF ကတော့ ကာယကံမြောက် မဟုတ်ရင်တောင် ဘယ်လိုနေရာ ဘယ် လိုအခန်းကဏ္ဍက ဖြစ်ဖြစ် အာဏာရှင်ကို အစွန်းစွန်ဆုံးအထိ ဆက်လက်တွန်းလှန်နေဦးမှာပါ။ ဆိုလိုတာက ဘယ်တော့မှ နောက်မဆုတ်ဘူး မြို့ပြမှာ ဘုရား သခင်ရဲ့ တရားသောလက်တွေ ဆက်ရှိနေဦးမယ်”ဟု GHF က အသိပေးသည်။

အထက်ပါ စစ်ကောင်စီ​၏ အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်မှုတွင် ထိခိုက်ပျက်စီးမှုတစ်စုံတစ်ရာအား အတိအကျမသိရသေးကြောင်း အသိပေးထုတ်ပြန်ထား သည်။

Public Service Announcement

Public Service Announcement

“ရုံးအကာအကွယ်လုပ်ထားတဲ့ ဘန်ကာတွေကြားမှာ ထားပြီး ဖောက်ခွဲခဲ့တာပါ”ဟု GZDF ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ (င)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ညအချိန်မတော် စစ်ကောင်စီတပ်သားများ မကြာခဏဝင်ထွက်လေ့ရှိပြီး ရပ်ကွက်အတွင်း ဧည့်စာရင်းစစ်ခြင်း၊ အခြားကိစ္စရပ်များအတွက် ရုံးတွင်စုဝေးခြင်းတို့ လုပ်ဆောင်တတ်သောကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းရဲဘော်က ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက “ကြားရတဲ့အသံက တော်တော်ကျယ်တယ် ညတုန်းက။(င)ရပ်ကွက်ရုံးက ခဏခဏ တိုက်ခိုက်ခံရတယ်။ သူကလမ်းမပေါ်တင်ပါ ရုံးက။ သံဇကာတွေ ကာထားတာ။ ဘန်ကာတွေလည်း ရှိပါတယ်”ဟု ပြောသည်။

အထက်ပါ မြောက်ဥက္ကလာ (င)ရပ်ကွက်မှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ အခြားရပ်ကွက်များနှင့်မတူဘဲ အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက္ကံမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲပြီး လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှည်းကူးမြို့နယ်က ဒရယ်ဘိုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်မှုမှာ အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးနဲ့ ပျူစောထီးတစ်ဦး သေဆုံးတယ်လို့ Yangon Army အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ် (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ တရားမဝင်‌ရွေးကောက်ပွဲအတွက် အစည်းအဝေးပြုလုပ်နေသော အုပ်ချုပ်ရေးအဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြင်းအားမြင့် မိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သတင်း

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေကြောင်းအတတ်သင် သင်တန်းကျောင်းကို အဝေးထိန်းမိုင်းအား လက်ပစ်ဗုံးကပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Armyအဖွဲ့တာဝန်ရှိသူက ပြောသည်။