Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းတွင် စစ်ကောင်စီတပ်က ခြောက်ရက်အတွင်း ဒေသခံပြည်သူရှစ်ဦးကို သတ်ဖြတ်

ထို့အပြင် စစ်ကောင်စီတပ်သည် လူသားဒိုင်းအဖြစ် ဒီပဲယင်းမြို့နယ်မှ ဒေသခံပြည်သူ ၄၀ဦးနှင့် အရာတော်မြို့နယ်မှ ဒေသခံပြည်သူ ငါးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

ဒီပဲယင်းမြို့နယ်၊ ကိုင်းကံရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- ပအဖ
ဒီပဲယင်းမြို့နယ်၊ ကိုင်းကံရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- ပအဖ

နေအိမ် ၁၅၀ကျော် မီးရှို့ဖျက်ဆီး၊ ဒေသခံပြည်သူ ၄၀ ကျော်ကို လူသားဒိုင်း အဖြစ် ဖမ်းဆီးခံထားရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစဥ် ဒေသခံ ပြည်သူ ရှစ်ဦးအားသတ်ဖြတ်ပြီး နေအိမ်၁၅၀ကျော် မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် သြဂုတ် ၂ရက်မှစတင်ကာ ဒီပဲယင်းမြို့နယ်အတွင်း တကျော့ပြန်စစ်ကြောင်း ထိုးခဲ့သည်။

ထို့နောက် ကျေးရွာများရှိ ဒေသခံပြ​ည်သူအချို့အားဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ လျှော်ဖြူကျေးရွာရှိ ဒေသခံတစ်ဦး၊ ယဒင်ကျေးရွာမှ တစ်ဦး၊ ကိုင်းကံကျေးရွာ အနီးရေဆိုးမြောင်း၌ ရုပ်အလောင်း နှစ်လောင်း၊ကိုင်းကံကျေးရွာ မီးလောင်နေအိမ်များအတွင်းက ရုပ်အလောင်း လေး လောင်း လက်တလောတွေ့ရှိထားကြောင်း ​ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ကျေးရွာများကိုလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဘုရားထွက် ကျေးရွာမှ နေအိမ် တစ်လုံး၊ ဘော်ဒါဆောင် တစ်တစ်ခု၊ ဆိုင်ကယ် (၃)စီး၊ အင်ပင်ယဒင်ကျေးရွာ၌ နေအိမ် သုံးလုံး၊ နွားတစ်ကောင်၊ လျှော်ဖြူကျေးရွာမှ နေအိမ် နှစ်လုံး၊ တိုက်ရွာမှ နေအိမ် နှစ်လုံး၊ ကိုင်းကန် ကျေးရွာမှ နေအိမ် ၁၄၅လုံးနှင့် ဆန်စက်အပါအဝင် လယ်ယာသုံးစက်ပစ္စည်း ကား၊ဆိုင်ကယ်၊ စက်ပစ္စည်းများ၊ ဆန်စပါးနှင့် ကောက်ပဲသီးနှံများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် လူသားဒိုင်းအဖြစ် ဒီပဲယင်းမြို့နယ်မှ ဒေသခံပြည်သူ ၄၀ဦးနှင့် အရာတော်မြို့နယ်မှ ဒေသခံပြည်သူ ငါးဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

“လျှော်ဖြူ ကိုင်းကံ စသည့်ကျေးရွာများမှ အဖမ်းဆီးခံရပြည်သူများ ပြန်လည်မလွတ်မြောက်သေးပဲ လူသားဒိုင်းပြုလုပ်ခံနေပါတယ်။ အကြမ်းဖက် ကောင်များဟာ လူသားဒိုင်းပြုလုပ်ပြီး အရာတော်နယ် ကောင်းသစ်ကျေးရွာကို ရောက်ရှိတပ်စွဲထားတယ်လို့သိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ပြောသည်။

ဒီပဲယင်းမြို့နယ်၊ ကိုင်းကံရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- ပအဖ
ဒီပဲယင်းမြို့နယ်၊ ကိုင်းကံရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ- ပအဖ

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် အရာတော်နယ် စစ်ကြောင်းနှင့် ပေါင်းကာ ဒီပဲယင်းမြို့နယ် လက်လှုပ်တောင်ရွာ မအုန်းဘုန်းကြီးကျောင်းတွင် စခန်းချကာ အနီးဝန်းကျင်အား လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ်တွင် အိမ်ခြေ ၇၀၀ကျော် မီးရှို့ဖျက်ဆီးထားသည်။

အဆိုပါ နေအိမ်များအနက် ၃၄၆ အိမ်အား တစ်အိမ် ၃၀,၀၀၀ ကျပ်သာ ကူညီနိုင်သေးပြီး ဆက်လက်ကူညီနိုင်ရန် ကြိုးစားနေကြောင်း၊ မီးရှို့ဖျက်ဆီး ခံရသည့် ပြည်သူများအား တတ်နိုင်သမျှ အကူအညီပေးကြရန် ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။