Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိအတူလက်တွဲ တိုက်ပွဲဝင်မည်ဟု ၈၈ ငြိမ်း/ပွင့် ထုတ်ပြန်

ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော နေရာများတွင် '၈' လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)
(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော နေရာများတွင် '၈' လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

မြန်မာနိုင်ငံမြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိ အတူလက်တွဲ တိုက်ပွဲဝင်မည်ဟု ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီသူရဲကောင်းများစွာ၊ ရဟန်းရှင်လူ ပြည်သူ မြောက်များ စွာတို့၏ အသက်သွေးချွေး ဘဝများ စတေးခဲ့ရပြီး စစ်အာဏာရှင်၏ မတရားဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကို အံတုကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပုခုံးထမ်းတင် ပေးခဲ့သော မြန်မာ့ ဒီမိုကရေစီခရီးလမ်း၏ ဂုဏ်ရောင် ပြောင်မြောက်သည့် သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိသည် ရှစ်လေးလုံးလူထုအရေးတော်ပုံ အပါအဝင် ရှေ့မျိုးဆက် အသီးသီးမှ လက်ဆင့် ကမ်းခဲ့သော တော်လှန်ရေးအောင်လံကို နွေဦး တော်လှန်‌ရေးတွင် ယနေ့မျိုးဆက်သစ်များမှ ဆက်လက် သယ်ဆောင်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးစုပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် မျိုးဆက်အသီးသီး လက်တွဲတိုက်ပွဲဝင်နေသော ကာလဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်၏ ဖိနှိပ်ရက်စက်မှုများ ကြားမှပင် ဖမ်းဆီးခံ တော်လှန်ရေး ညီအစ်ကို မောင်နှမ များသည် ပြည်တွင်းနှင့် နိုင်ငံတကာရှိ နွေဦးတော်လှန်ရေး ပြည်သူများနှင့် တသားတည်းရှိကြောင်း ပြသသည့်အနေဖြင့် တော်လှန်ရေး တိုက်ပွဲများ ဆက်လက်၍ ဆင်နွှဲနေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ့် အဓိကလက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြပါတယ်။

Facebook