Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့မြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိအတူလက်တွဲ တိုက်ပွဲဝင်မည်ဟု ၈၈ ငြိမ်း/ပွင့် ထုတ်ပြန်

ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော နေရာများတွင် '၈' လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)
(ယနေ့ကျရောက်သော ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့​၏ အထင်ကရနေရာများဖြစ်သော နေရာများတွင် '၈' လေးလုံးရေးဆွဲထားသော ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်)

မြန်မာနိုင်ငံမြေပေါ်မှ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပပျောက်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားသည်အထိ အတူလက်တွဲ တိုက်ပွဲဝင်မည်ဟု ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော (၃၄)နှစ်မြောက် ၈၈၈၈ လူထုအရေးတော်ပုံ နှစ်ပတ် လည်နေ့ အထိမ်းအမှတ် တွင် ၈၈မျိုးဆက် (ငြိမ်းချမ်း‌ရေး နှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)က သဘောထားထုတ်ပြန်ခြင်း ဖြစ်သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီသူရဲကောင်းများစွာ၊ ရဟန်းရှင်လူ ပြည်သူ မြောက်များ စွာတို့၏ အသက်သွေးချွေး ဘဝများ စတေးခဲ့ရပြီး စစ်အာဏာရှင်၏ မတရားဖိနှိပ် ညှင်းပန်းနှိပ်စက်မှုများကို အံတုကာ အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပုခုံးထမ်းတင် ပေးခဲ့သော မြန်မာ့ ဒီမိုကရေစီခရီးလမ်း၏ ဂုဏ်ရောင် ပြောင်မြောက်သည့် သမိုင်းစာမျက်နှာ တစ်ခုလည်းဖြစ်ကြောင်း ဖော်ပြသည်။

လက်ရှိသည် ရှစ်လေးလုံးလူထုအရေးတော်ပုံ အပါအဝင် ရှေ့မျိုးဆက် အသီးသီးမှ လက်ဆင့် ကမ်းခဲ့သော တော်လှန်ရေးအောင်လံကို နွေဦး တော်လှန်‌ရေးတွင် ယနေ့မျိုးဆက်သစ်များမှ ဆက်လက် သယ်ဆောင်၍ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးစုပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် မျိုးဆက်အသီးသီး လက်တွဲတိုက်ပွဲဝင်နေသော ကာလဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်၏ ဖိနှိပ်ရက်စက်မှုများ ကြားမှပင် ဖမ်းဆီးခံ တော်လှန်ရေး ညီအစ်ကို မောင်နှမ များသည် ပြည်တွင်းနှင့် နိုင်ငံတကာရှိ နွေဦးတော်လှန်ရေး ပြည်သူများနှင့် တသားတည်းရှိကြောင်း ပြသသည့်အနေဖြင့် တော်လှန်ရေး တိုက်ပွဲများ ဆက်လက်၍ ဆင်နွှဲနေဆဲဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်တိုက်ထုတ်ရန်ကရင်အမျိုးသားအစည်း အရုံး(KNU) မြိတ်-ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒိုစောဖလိုစိုးဝင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်မဟာမှူးဗိုလ်မှူးချုပ်စောလေးထောက ယနေ့ ဩဂုတ် ၁၂ရက်က မြိတ်-ထားဝယ်ခရိုင်၌ ကျင်းပသည့် ကရင်အာဇာနည်နေ့ အခမ်းအနား၌ ပြောကြားခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၂၅)မှာ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲနဲ့ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်တဲ့ လူထုသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇူလိုင် ၁၁)မှာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ ဆန္ဒပြတဲ့ လူထုသပိတ် လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့ နှင့် ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၂၄)မှာ စစ်အာဏာရှင်စနစ်နဲ့ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းဆန္ဒပြခဲ့ကြပါတယ်။