Connect with us

Hi, what are you looking for?

သတင်း

မုံရွာ PDFစခန်းတစ်ခုစီးနင်းခံရပြီး သုံးဦးသတ်ဖြတ်ခံရ

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People’s Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် သပြေပင်စုကျေးရွာရှိ ပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ဖွဲ့၏ စခန်းတစ်ခုအား အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက် စီးနင်း၍ သုံးဦးသတ်ဖြတ်ခံရပြီး လက်နက်အချို့ သိမ်းဆည်းခံခဲ့ရကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

ယနေ့ (ဩဂုတ် ၈ရက်) နံနက် ၆ နာရီခန့်က မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်း တွင် တပ်စွဲထား သော အင်အား(၄၀)ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း သည် အရှေ့ဘက် ကိုင်းတောရွာကို ဝင်ရောက်ကာ လက်ဖက်ရည်ဆိုင် ထိုင်နေသော ရွာသားတယောက်ကို ဓားစာခံလမ်းပြအဖြစ် ခေါ်ဆောင် သွားခဲ့သည်။

PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး
PDFစခန်းအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ် ဓာတ်ပုံ-မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး

ထို့နောက် ကိုင်းတောရွာမှတဆင့် သပြေပင်စုရွာသို့ ရောက်ရှိလာပြီး သပြေပင်စု ရွာ အရှေ့ဘက် စခန်းတစ်ခုကို ဝင်ရောက်စီးနင်းရာ PDF အဖွဲ့ဝင်များနှင့် ကိုက် ၂၀၀အကွာတွင် အပြန်အလှန် ပစ်ခက်မှု ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်က (၄၀)မမ ၃လုံး ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး စခန်းကို မီးရှို့ကာ ဘေးနားရှိ တောတဲများကိုလည်း မီးရှို့သွားခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူပါ လက်ထိပ်ခတ်ခံ ထားရသော အမျိုးသားနှစ်ဦးနှင့် ရွာရှိဧည့်သည်တစ်ဦး စုစုပေါင်း အမျိုးသား သုံးဦးအား ခေါင်းများကို ကွဲထွက်သည်ထိ ရိုက်နှက်ကာ သတ်ဖြတ်ထားပြီး အလောင်းများအား အကျအန မြေမြုပ် ဖုံးဖိထားခဲ့ကြကြောင်း ထပ်မံ အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုနောက် အကြမ်းဖက် စစ်ကောင်စီတပ်သည် စခန်းမှလက်လုပ်သေနတ်များ၊ မိုင်း အလုံး ၂၀၀၊ သပြေပင်စု ရွာထဲမှ ဆန်အိတ်များ ၊ဆိုင်ကယ် (၈)စီး၊ ဆိုလာပြားများ၊ အဝတ်အိတ်များ၊ ဂစ်တာတစ်လုံးနှင့် အကြမ်းဖက်လုယူကာ ပြန်လည်ထွက်ခွာသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

“ကျဆုံးရဲဘော်များအား အလေးနီပြုပါတယ် အေးချမ်းစွာ အနားယူပါတော့။ တာဝန်ကျေပါတယ် ရဲဘော်တို့။”ဟု မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး (ပ.က.ဖ)က ရေးသားထားပြီး ရဲဘော်များကျဆုံးမှု အခြေအနေကို သီးခြားအသိပေးထားခြင်းမရှိပေ။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ People’s Spring သတင်းဌာနက မုံရွာမြို့နယ် သတင်းမှန် ပြန်ကြားရေးသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မီဒီယာအား ဖြေကြားခြင်းမပြုကြောင်းကိုသာ အကြောင်းပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။