Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးနှစ်ပတ်လည်နှင့်ကရင်နီအမျိုးသားတော်လှန်ရေးနေ့ကိုဂုဏ်ပြု၍ KSP က အကျဥ်းသားခုနစ်ဦးကို လွတ်ငြိမ်းခွင့်ပေး

၂၀၂၂ ဩဂုတ် ၈ရက်တွင် (၃၄) နှစ်မြောက် ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံနှစ်ပတ်လည်နေ့ ကျရောက်ခဲ့ပြီး ဩဂုတ် ၉ ရက် ယနေ့တွင် ကရင်နီအမျိူးသားခုခံတော်လှန်ရေးနေ့ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

KSP တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-​ပေးပို့
KSP တပ်ဖွဲ့ဝင် ပြည်သူ့ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ-​ပေးပို့

ရှစ်လေးလုံးလူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့နှင့် ယနေ့(သြဂုတ် ၉ ရက်) ကျရောက်သော ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်းသားခုနစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)က ထုတ်ပြန်သည်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၏ ညွှန်ကြားချက်အရ အကျဉ်းသားခုနစ်ဦးအား လူသားခြင်းစာ နာထောက်ထားမှုနှင့် အကျဉ်းသားများ၏ ခံဝန်ကတိများဖြင့် ယင်းတို့ကျခံရသည့် ပြစ်ဒဏ်အသီးသီးမှ ပြစ်ဒဏ်များလျှော့ပေါ့ကာ တရားဝင်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု ဖော်ပြသည်။

ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)
ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)

လွတ်ငြိမ်းခွင့်ပေးခဲ့သော အကျဥ်းသားခုနစ်ဦးတွင် မးယစ်မှု၊ ခိုးမှုစသည့် ပြစ်မှုကျူးလွန်သူ များပါဝင်ပြီး အဆိုပါအကျဥ်းသားခုနှစ်ဦးသည် KSP ၏ဒေသအသီးသီးရှိစခန်းများတွင် အနည်းဆုံး (၆)လမှ အများဆုံး (၁၀)လအထိ ပြစ်ဒဏ်ကျခံပြီးသူများပါဝင်ကြောင်း KSPမှ ပြန်ကြားရေးနာဝန်ခံ ရဲဘော်ဘိုဘိုက ပြောသည်။

“ကျွန်တော်တို့စခန်းတွေက နေရာတော်တော်များများမှာရှိ‌တယ်ဗျ။ စခန်းတွေကနေ လွတ်ငြိမ်း အတွက် လူစိစစ်ပြီး ခုနစ်ဦးကို လွတ်ငြိမ်းခွင့် ပေးလိုက်တာ”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပေးခဲ့သော အကျဥ်းသားတစ်ဦးစီတိုင်းကို နောက်ထပ်ပြစ်မှုတစ်စုံ တစ်ရာထပ်မံကျူး လွန်ပါက ယခုထက်ပိုမိုကြီးလေး သည့် ပြစ်ဒဏ်ကျခံရမည်ဟု သတိပေးထားသည့် ခံဝန်ကတိလက်မှတ်ရေးထိုး၍ စနစ်တကျလွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ဘိုဘိုက ဆက်ပြောသည်။

၂၀၂၂ ဩဂုတ် ၈ရက်တွင် (၃၄) နှစ်မြောက် ရှစ်လေးလုံး(၈၈၈၈) အရေးတော်ပုံနှစ်ပတ်လည်နေ့ ကျရောက်ခဲ့ပြီး ဩဂုတ် ၉ ရက် ယနေ့တွင် ကရင်နီအမျိူးသားခုခံတော်လှန်ရေးနေ့ (၇၄)နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းနဲ့ ကရင်နီပြည်နယ်မှ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စု အဆင့်နိုင်ငံရေး၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးအတွက် ဖက်ဒရယ်ဦးဆောင်ကောင်စီ-Federal Steering Council (FSC) လမ်းကြောင်းနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ၂၀၂၅ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း

ကရင်နီနဲ့ စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၁၂)မှာ ပြုလုပ်ခဲ့ပါတယ်။