Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊ လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်
ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

KNDFတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့ရှိ တပ်များကိုရိက္ခာ ဖြည့်တင်းရန်ကြိုးစားနေသည့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ကယနေ့(သြဂုတ် ၁၀ ရက်)တွင်ထုတ်ပြန်သည်။

သြဂုတ် ၁ ရက်ကစ၍ သြဂုတ် ၉ရက်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟုပါရှိသည်။

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်
ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

သို့သော် ပြည်သူများထောက်ပံ့ထားသည့် လက် နက်များကို ဝေဟင် မြေပြင်နှစ်ခုစလုံး ထိရောက်စွာအသုံးပြုနိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲများအတွင်း KNDF တပ်ရင်း ၉ မှ ရဲ ဘော်သုံးဦး(မစိုးရိမ်) ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် မှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေစဥ် ၌ (စကစ) ဖက်မှ ကျန်ရှိ့ခဲ့သော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟုအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အတွင်းစစ်ကောင်စီတပ်စွဲထား သည့် ကျေးရွာများအတွင်း ဒေသခံပြည်သူများပြန်လည်အခြေချနေထိုင်ခြင်းမပြုရန် အပါအဝင် ပြည်သူများလိုက်နာရန်အချက်​လေးချက်ကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

လက်ရှိတွင် ဒီးမော့ဆို မြို့နယ် ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေးဆူလဲ ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေကုပ်ယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။