Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊ လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်
ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

KNDFတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရ

ဒီးမော့ဆိုမြို့ရှိ တပ်များကိုရိက္ခာ ဖြည့်တင်းရန်ကြိုးစားနေသည့်စစ်ကောင်စီတပ်ကိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကရင်နီအမျိုး သားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၉ ကယနေ့(သြဂုတ် ၁၀ ရက်)တွင်ထုတ်ပြန်သည်။

သြဂုတ် ၁ ရက်ကစ၍ သြဂုတ် ၉ရက်အထိ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့်ထိုးစစ်ဆင်ခဲ့သည်ဟုပါရှိသည်။

ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်
ဒီးမော့ဆိုတွင် စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်း​သေ၊လက်နက်ခဲယမ်းအချို့ရဟုKNDF ထုတ်ပြန်

သို့သော် ပြည်သူများထောက်ပံ့ထားသည့် လက် နက်များကို ဝေဟင် မြေပြင်နှစ်ခုစလုံး ထိရောက်စွာအသုံးပြုနိုင်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၅ ဦးထက် မနည်းသေဆုံးခဲ့ကြောင်း ဖော်ပြသည်။

တိုက်ပွဲများအတွင်း KNDF တပ်ရင်း ၉ မှ ရဲ ဘော်သုံးဦး(မစိုးရိမ်) ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိ ကရင်နီအမျိုးသားကာကွယ်ရေးတပ် မှ နယ်မြေရှင်းလင်းမှုများလုပ်ဆောင်နေစဥ် ၌ (စကစ) ဖက်မှ ကျန်ရှိ့ခဲ့သော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟုအသိ​ပေးထားသည်။

Public Service Announcement
Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အတွင်းစစ်ကောင်စီတပ်စွဲထား သည့် ကျေးရွာများအတွင်း ဒေသခံပြည်သူများပြန်လည်အခြေချနေထိုင်ခြင်းမပြုရန် အပါအဝင် ပြည်သူများလိုက်နာရန်အချက်​လေးချက်ကိုကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားသည်။

ဇူလိုင်နောက်ဆုံးပတ်ကစ၍ ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်ဘက်သို့အင်အားအလုံးအရင်းဖြင့်စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေသည်။

လက်ရှိတွင် ဒီးမော့ဆို မြို့နယ် ဒေါငံခါးရပ်ကွက်၊ကုန်းသာနှင့် သေးဆူလဲ ကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်က ခြေကုပ်ယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။