Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း

ကရင်လူမျိုးတစ်ဦးစီတိုင်းရဲ့ ပေးဆပ်မှု ၊အနစ်နာခံမှု ၊ကိုယ်ကျိုးစွန့်မှုတွေ မရှိရင် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူးလို့လည်း KYO ကအသိပေးထားပါတယ်။

ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း
ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကရင့်အမျိုးသားရည်မှန်းချက် ပန်းတိုင်ဆီကို စည်းလုံးညီညွှတ်စွာ ဆက်လက်လျှောက်လှမ်းကြဖို့ ကရင်လူငယ်အစည်းအရုံး (KYO) က ၇၂ ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက ်ပေးပို့တဲ့သဝဏ်လွှာမှာထည့်သွင်းတိုက်တွန်းလိုက်ပါတယ်။

ကရင်အမျိုးသားအာဇာနည် တွေရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ ၊ လူမျိုးမပျောက်ဖို့ ၊အနိုင်ကျင့်ဖိနှိပ်အုပ်စိုးမှုကနေ လွတ်မြောက်ဖို့အတွက် ကရင်လူမျိုးသားတွေသွေးစည်းညီညွှတ်ကြဖို့လိုပြီး KNU ရဲ့ ဦးဆောင်ဦးရွက်ပြုမှုဟာအရေးကြီးတယ်လို့ ဆိုထားပါတယ်။

အမျိုးသားရေးရည်မှန်းချက် အောင်မြင်ဖို့အတွက် လုပ်အား ၊ငွေအား တတ်စွမ်းသမျှ ပါဝင်ကြဖို့ကိုလည်း KYO က တိုက်တွန်းထားပါတယ်။

ကရင်လူမျိုးတစ်ဦးစီတိုင်းရဲ့ ပေးဆပ်မှု ၊အနစ်နာခံမှု ၊ကိုယ်ကျိုးစွန့်မှုတွေ မရှိရင် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူးလို့လည်း KYO ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။