Connect with us

Hi, what are you looking for?

သတင်း

ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း

ကရင်လူမျိုးတစ်ဦးစီတိုင်းရဲ့ ပေးဆပ်မှု ၊အနစ်နာခံမှု ၊ကိုယ်ကျိုးစွန့်မှုတွေ မရှိရင် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူးလို့လည်း KYO ကအသိပေးထားပါတယ်။

ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း
ကရင့်အမျိုးသားရည်မှန်းချက်ဆီကို KNU ဦးဆောင်မှုနဲ့သွားကြဖို့ ကရင်လူငယ်အစည်းအရုံးတိုက်တွန်း

KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးဆောင်မှုနဲ့ ကရင့်အမျိုးသားရည်မှန်းချက် ပန်းတိုင်ဆီကို စည်းလုံးညီညွှတ်စွာ ဆက်လက်လျှောက်လှမ်းကြဖို့ ကရင်လူငယ်အစည်းအရုံး (KYO) က ၇၂ ကြိမ်မြောက် ကရင့်အမျိုးသားအာဇာနည်နေ့အတွက ်ပေးပို့တဲ့သဝဏ်လွှာမှာထည့်သွင်းတိုက်တွန်းလိုက်ပါတယ်။

ကရင်အမျိုးသားအာဇာနည် တွေရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ ၊ လူမျိုးမပျောက်ဖို့ ၊အနိုင်ကျင့်ဖိနှိပ်အုပ်စိုးမှုကနေ လွတ်မြောက်ဖို့အတွက် ကရင်လူမျိုးသားတွေသွေးစည်းညီညွှတ်ကြဖို့လိုပြီး KNU ရဲ့ ဦးဆောင်ဦးရွက်ပြုမှုဟာအရေးကြီးတယ်လို့ ဆိုထားပါတယ်။

အမျိုးသားရေးရည်မှန်းချက် အောင်မြင်ဖို့အတွက် လုပ်အား ၊ငွေအား တတ်စွမ်းသမျှ ပါဝင်ကြဖို့ကိုလည်း KYO က တိုက်တွန်းထားပါတယ်။

ကရင်လူမျိုးတစ်ဦးစီတိုင်းရဲ့ ပေးဆပ်မှု ၊အနစ်နာခံမှု ၊ကိုယ်ကျိုးစွန့်မှုတွေ မရှိရင် ပန်းတိုင်ကို ရောက်နိုင်မှာမဟုတ်ဘူးလို့လည်း KYO ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။