Connect with us

Hi, what are you looking for?

သတင်း

ရွှေဈေး ၂၅ သိန်းနှင့် ဒေါ်လာ ၂၇၀၀ကျပ်အထိတက်လာ​သော်လည်း ဝယ်မရ

ရွှေဈေးကိုစစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားကို ၂,၀၈၆,၀၀၀ ကျပ်ဈေးဖွင့်ထားသော်လည်း ပြည်ပပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်း​ကျော်လာခြင်းဖြစ်သည်။

ရွှေဈေး ၂၅ သိန်းနှင့် ဒေါ်လာ ၂၇၀၀ကျပ်အထိတက်လာ​သော်လည်း ဝယ်မရ
ရွှေဈေး ၂၅ သိန်းနှင့် ဒေါ်လာ ၂၇၀၀ကျပ်အထိတက်လာ​သော်လည်း ဝယ်မရ

အခေါက်ရွှေတစ်ကျပ်သားလျှင်ကျပ် ၂၅သိန်းနှင့်တစ်ဒေါ်လာကို ကျပ် ၂၇၀၀ အထိဈေးတက်လာ​သော်လည်း ဈေးကွက်အတွင်းဝယ်မရကြောင်းလုပ်ငန်းရှင်များက​ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် တစ်နှစ်ခွဲအကြာတွင် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းကြောင့် ရွှေနှင့်ဒေါ်လာဈေး စံချိန်တင်မြင့်တက်လာခြင်းဖြစ်သည်။ ရှေ့ဆက် ဈေးနှုန်းများဆက်လက်မြင့်တက်လာဦးမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးပညာရှင်များကပြောသည်။

ရွှေဈေးကိုစစ်ကောင်စီလက်အောက်ခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက တစ်ကျပ်သားကို ၂,၀၈၆,၀၀၀ ကျပ်ဈေးဖွင့်ထားသော်လည်း ပြည်ပပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်း​ကျော်လာခြင်းဖြစ်သည်။

အလားတူစစ်ကောင်စီက တစ်ဒေါ်လာကို ၂၁၀၀ကျပ်သတ်မှတ်ထားသော်လည်း ပြည်ပပေါက်ဈေးတွင် တစ်ဒေါ်လာကို ကျပ် ၂၆၇၀ နှင့် ၂၇၃၀ကြားပေါက်ဈေးရှိနေ​ကြောင်းငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အခုဖြစ်နေတာက ရွှေနဲ့ဒေါ်လာဈေးတက်တာမဟုတ်ဘူး၊ ကျပ်ငွေတန်ဖိုးမရှိတော့တာလို့ ပြောရမယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်တပ်အာဏာသိမ်းပြီး​ခြောက်လအကြာ ယမန့်နှစ် ဩဂုတ် ၁၁ ရက်တွင် တဒေါ်လာကို ၁၇၀၅ကျပ်ရှိခဲ့ပြီး တနှစ်အတွင်း ကျပ် ၁၀၀၀ကျော်မြင့်တက်လာခြင်းဖြစ်သည်။ စစ်တပ်အာဏာမသိမ်းခင်က ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်က တစ်ဒေါ်လာကို အမြင့်ဆုံး ၁၃၃၇ ကျပ်သာပေါက်ဈေးရှိခဲ့သည်။ စစ်တပ်အာဏာသိမ်းပြီး တနှစ်ခွဲအကြာတွင်တစ်ဒေါ်လာ ၂၇၃၀ကျပ်အထိမြင့်တက်လာခြင်းဖြစ်သည်။ ထိုကြောင့် စစ်တပ်အာဏာသိမ်းထားသည့် တစ်နှစ်ခွဲအတွင်း ကျပ်ငွေတန်ဖိုးမှာ ဒေါ်လာဈေးဖြင့် နှိုင်းယှဉ်ပါက ၁၀၄ ရာခိုင်နှုန်းကျဆင်းခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက ဘဏ်၊ ငွေလဲကောင်တာများနှင့် ကုမ္ပဏီများကိုဒေါ်လာလဲလှယ်ရာတွင်၎င်းတို့သတ်မှတ်ထားသည့် ၂၁၀၀ကျပ်၏ ၀ ဒသမ၃ ရာခိုင်နှုန်း(၆ ကျပ်)သာခွာ၍ရောင်းချရမည်ဟု ဩဂုတ် ၁၀ ရက်က သတ်မှတ်ဖိအား​ပေးခဲ့သည်။ ထိုကြောင့် ဘဏ်၊ငွေလဲကောင်တာနှင့် ကုမ္ပဏီများသည် ဒေါ်လာလဲလှယ်ရောင်းဝယ်ရာတွင် အနိမ့်ဆုံး ၂၀၉၄ ကျပ်မှ အမြင့်ဆုံး ၂၁၀၆ကျပ်အတွင်းသာ အရောင်းအဝယ်ပြုလုပ်ရမည်ဟုဆိုခြင်းဖြစ်သည်။

သို့​သော် စစ်​ကောင်စီသတ်မှတ်​သောနှုန်းဖြင့်မည်သူမျှအ​ရောင်းအဝယ်မလုပ်ကြဘဲ ​ဒေါ်လာဝယ်လို​သောပမာဏများလျှင် ၂၇၃၀ ဖြင့်ပင်ဝယ်မရ​ပေ။

ဒေါ်လာဈေးသာမက ထိုင်းဘတ် နှင့် တရုတ်ယွမ်ငွေဈေးပါ မြင့်တက်လာပြီး ထိုင်းဘတ်‌ငွေ တစ်ဘတ်ကို ကျပ် ၇၇ကျပ်နှင့် တရုတ်ယွမ်ငွေတစ်ယွမ်ကိုကျပ် ၄၀၀အထိမြင့်တက်လာသည်။ထို​ကြောင့်သွင်းကုန်​ဈေးနှုန်းများလည်းဆကွတိုက်တက်​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အပြိုင် ပြည်တွင်းရွှေဈေး ထပ်တက်နေတယ်လို့ ရွှေစျေးကွက်ထံက စုံစမ်း သိရပါတယ်။

သတင်း

ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်းရွှေဈေး ထပ်တက်နေပြီး တစ်ကျပ်သား ကျပ်သိန်း ၁၀၀ကျော်လာတယ်လို့ ရွှေစျေးကွက်က စုံစမ်းသိရပါတယ်။