Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်အားသွားကြိုသည့်မတ်တူးကား မိုင်းဆွဲတိုက်ခိုက်ခံရ

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည် ပြုနိုင်ခြင်းမရှိသေးပေ။

(CDSOM အဖွဲ့ အသုံးပြုလေ့ရှိသည့် မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Ko Nway Oo)
(CDSOM အဖွဲ့ အသုံးပြုလေ့ရှိသည့် မိုင်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Ko Nway Oo)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ယာဥ်တန်းအား မတ်တူးကားဖြင့်သွားကြိုသည့် စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က သတင်းထုတ်ပြန်သည်။

ယနေ့ (သြဂုတ်၁၁) မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်၏ ၁၄စီးပါ ယာဥ်တန်းသည် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှ ငါန်းမြာသို့ထွက်ခွာလာခဲ့သည်။ ထိုအကြမ်းဖက်စစ်တပ်၏ယာဥ်တန်းအား ငါန်းမြာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးက မတ်တူး အဖြူရောင် အိမ်စီးကားဖြင့် သွားကြိုခဲ့သည်။

စစ်ကောင်စီယာဥ်များ ငါန်းမြာသို့အလာ အဆိုပါ မတ်တူး ကားအား မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် မြင်းခြံခရိုင်၊ ငါန်းမြှာ – ငါန်းဇွန် ကားလမ်းမကြီးပေါ် ကုန်းလယ်ရွာအနီး၌ ပဒေသာမိုင်း ၅ လုံးတွဲဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်သည်။

ပစ်မှတ်အား ထိထိမိမိထိမှန်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦးသေဆုံးကာ သုံးဦးအပြင်းအထန်ဒဏ်ရာရရှိသွားသ​ည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းစစ်ဆင်ရေးကို CDSOM (၂)၊ နောင်ရိုးအဖွဲ့ ( ၃)၊ M2W ၊၄၊ငါန်းဇွန်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၅)၊ မာန်ဆွယ်ကျားအထူးပြောက်ကျားအဖွဲ့ ငါး ဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး CDSOM အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People’s Springက ထပ်မံအတည် ပြုနိုင်ခြင်းမရှိသေးပေ။

ယမန်နေ့ (သြဂုတ်၁၀ရက်)ကလည်း စစ်ကိုင်း-မုံရွာလမ်းပေါ်တွင် အကြမ်းဖက်စစ်သားများလိုက်ပါလာသည့် ပါဂျဲရိုးကားအား ၃လုံးတွဲ မိုင်းဖြင့် Black Eagle မြင်းမူလင်းယုန်နက်အဖွဲ့၊CDSOM အဖွဲ့ ၊ မြင်းမူ မြို့ပြပြောက်ကျားအဖွဲ့ CRF၊ မြင်းမူလျှပ်စီးအဖွဲ့ ၊ People Defense Force MMU မဟာမိတ်ညီနောင် ၅ဖော်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအရာရှိဟုယူဆရသူနှစ်ဦး သေဆုံးသွားခဲ့ကြောင်း CDSOM အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။