Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် ကာကွယ်ရေးရဲဘော်အချို့အဖမ်းခံရပြီးနောက် လူဦးရေ ၃၀ကျော် ကို စစ်ကောင်စီတပ် ထပ်မံဖမ်းဆီးဟု ဒေသခံပြော

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း PDF တပ်စွဲရာနေရာ တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်အချို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

(မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ တောင်သူများက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဇူလိုင် ၂ ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-CJ)
(မတ္တရာမြို့နယ် အရှေ့ပိုင်းရှိ တောင်သူများက စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဇူလိုင် ၂ ရက်က ချီတက်ဆန္ဒပြနေစဉ်။ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) အဖွဲ့ တစ်ဖွဲ့နှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်အချို့ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းရှိ လူဦးရေ ၃၀ကျော်ကို လိုက်လံဖမ်းဆီးခဲ့ကြောင်း မတ္တရာ PDFနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရဲဘော်အချို့ ဖမ်းဆီးခံရပြီးနောက် ဒေသတွင်း PDF တပ်စွဲရာနေရာ တစ်ခု ဝင်ရောက်စီးနင်းခံရပြီး ရဲဘော်အချို့ ထပ်မံ ဖမ်းဆီးခံခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုသို့ ဖမ်းဆီးရာတွင် PDF ရဲဘော်များနှင့် အချိတ်အဆက်ရှိသည်ဟု ယူဆခံရများနှင့် အလှူရှင်ဟု ယူဆခံရသူများကို စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က ဖမ်းဆီးခံရသူများကို သေဆုံးသွားသည်ဟု သတင်းလွှင့်ခြင်း၊ အဖမ်းမခံရဟု သတင်းလွှင့်ခြင်းများ ပြုလုပ်ပြီး အချိတ်အဆက်များကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်သည်ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။