Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်နယ် လမ်းဆုံမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို TPC တပ်ဖွဲ့ ဝင်ရောက်ပစ်ခတ်၊ စစ်သားသုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ် ၇ ရက်ကလည်း အထက်ပါ လမ်းဆုံမြို့စစ်ဆေးရေးဂိတ်သို့ ဂိတ်စောင့် ရန်လာသော စစ်ကောင်စီတပ်မှယာဥ်တစ်စီးကို TPCတပ်ဖွဲ့မှ လမ်းဆုံမြို့ ပေါ်တွင် ကားနှစ်စီးဖြင့် ရှေ့နောက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ လက်နက်ခြောက်လက် ရရှိခဲ့သည်။

(TPCတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TPC)
(TPCတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - TPC)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် လမ်းဆုံမြို့ရှိ ရွှေဒေါင်းမင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသွားကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅) ပြည်သူ့ရဲဘော်တပ်ဖွဲ့ (TPC)က ယနေ့(သြဂုတ် ၁၂)ထုတ်ပြန်သည်။

ယနေ့ညနေ ၃နာရီခွဲခန့်က လမ်းဆုံမြို့ ရွှေဒေါင်းမင်းစစ်ဆေးရေးဂိတ်အား TPC တပ်ရင်း (၂၅)မှ အထူးကွန်မန်ဒိုတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ကြာဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

“ဂိတ်ထဲမှာ စခ ၁၀ကောင် ၁၅ ကောင်လောက်ရှိမယ်ဗျ။ အပြန်အလှန် ပစ်ခတ် တာ မိနစ် ၂၀ နီးပါကြာတယ်”ဟု TPCတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ ရွှေဒေါင်းမင်း စစ်ဆေးရေးဂိတ်အား ဝင်ရောက်ပစ်ခတ်တိုက်ခိုက် မှုတွင် TPCတပ်ဖွဲ့ တပ်ရင်း(၂၅)မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွဲနိုင်ခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၇ ရက်ကလည်း အထက်ပါ လမ်းဆုံမြို့စစ်ဆေးရေးဂိတ်သို့ ဂိတ်စောင့် ရန်လာသော စစ်ကောင်စီတပ်မှယာဥ်တစ်စီးကို TPCတပ်ဖွဲ့မှ လမ်းဆုံမြို့ ပေါ်တွင် ကားနှစ်စီးဖြင့် ရှေ့နောက် ညှပ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ လက်နက်ခြောက်လက် ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်