Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း မိုးသည်းထန်စွာရွာ၍ မိုင်းများကွဲနိုင်သောကြောင့် မလိုအပ်ဘဲ သွားလာခြင်းမပြုရန် PDF သတိပေး

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားလာသ​ည့်အခါတိုင်း လမ်းတစ်လျှောက်ရှိ PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ချောင်းဦး
ချောင်းဦး

စစ်ကိုင်းတိုင်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေ၍ မိုင်းများကွဲနိုင်သောကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ သွားလာခြင်းမပြုရန် PDF South Monywaက သတင်းထုတ်ပြန်သည်။

မုံရွာ – မန္တလေးလမ်းတွင် လမ်းပိုင်းအချို့၌ ယနေ့ (သြဂုတ်၁၆ရက်) နံနက်ပိုင်းမှစတင်ကာ မိုးများသည်းထန်စွာ ရွာသွန်းနေကြောင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်း၌ မိုင်းများမတော်တဆကွဲနိုင်၍ မဖြစ်မနေကိစ္စရှိမှသာ သွားလာကြရန်နှင့် အရေးကြီးကိစ္စမရှိဘဲ လုံးဝ အသုံးမပြုကြရန် PDF South Monywaက အသိပေးသည်။

မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားလာသ​ည့်အခါတိုင်း လမ်းတစ်လျှောက်ရှိ PDFအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။