Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသော အထက်ပါရဲဘော်လေးဦးအနက် သုံးဦးမှာ စဥ့်ကိုင် LPDF ၏မဟာမိတ် Black Brothers PDF မှ သုံးဦးနှင့် စဥ့်ကိုင် LPDF မှ တစ်ဦး အသီးသီးဖြစ်ကြောင်း သိရသည်။

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးဦး အလုပ်ကိစ္စဖြင့် ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ရဲဘော် သုံးဦးဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း LPDF(Sintgaing)က ယနေ့(သြဂုတ် ၁၆)တွင် အသိပေးထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က စဥ့်ကိုင်မှတဆင့် ရွာငံဘက်သို့ ခရီးသွားစဥ် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ပြီး ရဲဘော်လေးဦးအနက် သုံးဦးကို နေရာတင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

“ဖြစ်တာက ရွာငံနယ် တဲလုရွာနားမှာ ဖြစ်သွားတာ။ ကျွန် တော်တို့လည်း ဖြစ်ဖြစ်ချင်း မသိရသေးဘူး။ စကစဝါဒဖြန့် page တစ်ခုတင်လာလို့ ပုံတွေကြည့်လိုက်တော့မှ ကိုယ့်လူတွေဆိုတာ သိရတာ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါရဲဘော်လေးဦးသည် စစ်ကောင်စီတပ် အား ရှောင်ကွင်းသွားလာရန် အခြေအနေမပေးသည့်အတွက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပြန်လည်ခုခံပစ်ခတ်ရန် အဆင်မပြေဘဲ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးဦးကို ပစ်သတ်ကာ ကျန်ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသော အထက်ပါရဲဘော်လေးဦးအနက် သုံးဦးမှာ စဥ့်ကိုင် LPDF ၏မဟာမိတ် Black Brothers PDF မှ သုံးဦးနှင့် စဥ့်ကိုင် LPDF မှ တစ်ဦး အသီးသီးဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဝါဒဖြန့်မီဒီယာများ ဖော်ပြရာတွင် ရွာငံနယ် တဲလုကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၇၀)ကျော်ဖြင့် စစ်ကြောင်းထိုးစဥ် ယာတဲတစ်လုံး၎င်း၌ PDF ရဲဘော်များကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။