Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသော အထက်ပါရဲဘော်လေးဦးအနက် သုံးဦးမှာ စဥ့်ကိုင် LPDF ၏မဟာမိတ် Black Brothers PDF မှ သုံးဦးနှင့် စဥ့်ကိုင် LPDF မှ တစ်ဦး အသီးသီးဖြစ်ကြောင်း သိရသည်။

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

စဉ့်ကိုင်မြို့နယ် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော်လေးဦး အလုပ်ကိစ္စဖြင့် ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ ရဲဘော် သုံးဦးဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း LPDF(Sintgaing)က ယနေ့(သြဂုတ် ၁၆)တွင် အသိပေးထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က စဥ့်ကိုင်မှတဆင့် ရွာငံဘက်သို့ ခရီးသွားစဥ် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့ခဲ့ခြင်းဖြစ်ပြီး ရဲဘော်လေးဦးအနက် သုံးဦးကို နေရာတင် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

“ဖြစ်တာက ရွာငံနယ် တဲလုရွာနားမှာ ဖြစ်သွားတာ။ ကျွန် တော်တို့လည်း ဖြစ်ဖြစ်ချင်း မသိရသေးဘူး။ စကစဝါဒဖြန့် page တစ်ခုတင်လာလို့ ပုံတွေကြည့်လိုက်တော့မှ ကိုယ့်လူတွေဆိုတာ သိရတာ”ဟု LPDF (Sintgaing)မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါရဲဘော်လေးဦးသည် စစ်ကောင်စီတပ် အား ရှောင်ကွင်းသွားလာရန် အခြေအနေမပေးသည့်အတွက် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ပြန်လည်ခုခံပစ်ခတ်ရန် အဆင်မပြေဘဲ ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခံရခြင်းဖြစ်ပြီး သုံးဦးကို ပစ်သတ်ကာ ကျန်ရဲဘော်တစ်ဦးအား အရှင်ဖမ်းဆီးသွားကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ
စဉ့်ကိုင် LPDF တပ်ဖွဲ့ဝင်လေးဦး ခရီးသွားစဥ် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး သုံးဦးသတ်ဖြတ်ခံရ

ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရသော အထက်ပါရဲဘော်လေးဦးအနက် သုံးဦးမှာ စဥ့်ကိုင် LPDF ၏မဟာမိတ် Black Brothers PDF မှ သုံးဦးနှင့် စဥ့်ကိုင် LPDF မှ တစ်ဦး အသီးသီးဖြစ်ကြောင်း သိရသည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်ဝါဒဖြန့်မီဒီယာများ ဖော်ပြရာတွင် ရွာငံနယ် တဲလုကျေးရွာဘက်သို့ စစ်ကောင်စီတပ် အင်အား (၇၀)ကျော်ဖြင့် စစ်ကြောင်းထိုးစဥ် ယာတဲတစ်လုံး၎င်း၌ PDF ရဲဘော်များကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။