Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက ကင်းလွတ်ခွင့်ပြုထားသည့် ကုမ္ပဏီများ၏ ဒေါ်လာများကို စိတ်ကြိုက်စီမံနိုင်ဟုဆိုပြန်

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့သည်။ထို​ကြောင့် ​ငွေလဲနှူန်းအရဆိုပါက ကျပ်​ငွေတန်ဖိုးသည် တစ်နှစ်ခွဲ အကြာတွင်၁၂၄ ရာခိုင်နှူန်းတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်။

(အာဏာသိမ်းစစ်​ကောင်စီ​ကြောင့် ကျပ်​ငွေ​ဖောင်းပွမှု၏ ဆိုးကျိုးများကို ပြည်သူအားလုံး​နေစဥ်ရင်ဆိုင်​နေရသည်။ ဓါတ်ပုံ-AFP)
(အာဏာသိမ်းစစ်​ကောင်စီ​ကြောင့် ကျပ်​ငွေ​ဖောင်းပွမှု၏ ဆိုးကျိုးများကို ပြည်သူအားလုံး​နေစဥ်ရင်ဆိုင်​နေရသည်။ ဓါတ်ပုံ-AFP)

တစ်ဒေါ်လာလျှင် ကျပ် ၃၀၀၀ ​ကျော်အထိစံချိန်တင်​ဈေးတက်လာပြီးနောက် ပြည်တွင်းရှိ ဒေါ်လာကိုင်ခွင့်ရကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၏ ဝင်ငွေဒေါ်လာများကို တစ်လအတွင်း စိတ်ကြိုက်အရောင်းအဝယ်ပြုလုပ်နိုင်သည်ဟု စစ်ကောင်စီ၏ဗဟိုဘဏ်က ကြေညာပြန်သည်။

ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲရန် ကင်းလွတ်ခွင့်ရထားသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များ၏ ဝင်ငွေ ရာခိုင်နှုန်းပြည့်ကို ကိုယ်တိုင်သုံးစွဲခြင်း၊ ဘဏ်နှင့် ဘဏ်မဟုတ်သူများကို ရောင်းချခြင်းတို့ကို စစ်ကောင်စီထံ သီးခြားခွင့်ပြုချက် ယူရန်မလိုအပ်တော့ဟု စစ်ကောင်စီက သြဂုတ် ၁၅ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင်လည်း ရက်ပေါင်း ၃၀အတွင်းသာ ဆောင်ရွက်ရမည်ဟုလည်း စစ်ကောင်စီ ဗဟိုဘဏ်ကကန့်သတ်ထားသည်။

ဒေါ်လာမှ ကျပ်ငွေကို ပြောင်းလဲ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များအနေဖြင့် ဒေါ်လာကို နိုင်ငံဖြတ်ကျော်ငွေပေးချေရာတွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူရန်မလိုအပ်တော့လည်းဆိုသည်။ ကင်းလွတ်ခွင့်ရသည့် ကုမ္ပဏီများ၊ လူပုဂ္ဂိုလ်များထံမှ ဝယ်ယူသူများသည်လည်း နိုင်ငံဖြတ်ကျော်ငွေပေးချေမှုကိုလည်း စစ်ကောင်စီ၏ ခွင့်ပြုချက်မလိုတော့ဟုလည်းဆိုပြန်သည်။

Public Service Announcement

Public Service Announcement

“ကင်းလွတ်ခွင့်ပြုထားတဲ့သူတွေအတွက် လုပ်ကိုင်ခွင့်ရသွားတဲ့သဘောပါပဲ။ သူတို့မှာ ဒေါ်လာလိုအပ်ချက်များလားပြီး ​ခြေမကိုင်မိ၊ လက်မကိုင်ဖြစ်နေတယ်ဆိုတာ အခုလို ညွန့်ကြားချက်တွေ မျိုးစုံထုတ်နေတာကိုကြည့်ရင်း ခန့်မှန်းနိုင်ပါတယ်”ဟု ရန်ကုန်အခြေစိုက်ပို့ကုန်ုလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင်ပြည်တွင်းဈေးကွက်အတွင်းဒေါ်လာလိုအပ်ချက်မြင့်တက်လာပြီး တစ်ဒေါ်လာကို ကျပ်၃၀၀၀ အထိပေါက်ဈေးရှိနေခြင်းဖြစ်သည်။ စစ်ကောင်စီဗဟိုဘဏ်က ဧပြီ ၃ ရက် တစ်ဒေါ်လာကို ၁၈၅၀ကျပ် သတ်မှတ်ထားပြီး ဩဂုတ် ၅ ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြင့်ပြောင်းလဲသတ်မှတ်ခဲ့သည်။

စစ်ကောင်စီက ဒေါ်လာလိုအပ်ချက်ဖြည့်တင်းရန် ပြည်တွင်းရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ဧပြီ ၄ ရက်က တစ်ဒေါ်လာကို ၁၈၅၀ကျပ်ဖြင့် တရက်အတွင်းရောင်းချရမည်ဟု ဖိအားပေးခဲ့သည်။

ထို့နောက် ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အထူးစီးပွားရေးဇုန်များမှ ကုမ္ပဏီများကို ဒေါ်လာမှ ကျပ်ငွေပြောင်းလဲခြင်းကို ကင်းလွတ်ခွင့်ပေးထားခြင်းဖြစ်သည်။

စစ်​ကောင်စီက ​ဒေါ်လာနှင့်ပတ်သပ်​သောမူဝါဒကိုအာဏာသိမ်းထား​သောတစ်နှစ်ခွဲ​ကျော်အတွင်း အကြိမ်​ပေါင်းဆယ်နှင့်ချီ၍ အ​ပြောင်းအလဲ ပြုလုပ်ထားသည်။တစ်ခါတစ်ရံ ရက်ပိုင်းအတွင်ပင် ​ဒေါ်လာမူဝါကို​ပြောင်းလဲပစ်သည်။ထိုသို့​ အမျိုးမျိုး​ပြောင်းလဲ ​သော်လည်း ​ဒေါ်လာ​ဈေးကျဆင်သွားခြင်းမရှိဘဲ ​ငွေ​ကြေး​ဈေးကွက်ပိုမိုမတည်မငြိမ်ဖြစ်လာပြီး ကျပ်​ငွေတန်ဖိုးမှာ မကြုံဖူး​အောင်ဆက်တိုက်ကျဆင်း​နေခြင်းဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလကုန်ပိုင်းက ၁ ​ဒေါ်လာလျှင် ၁၃၃၇ ကျပ်သာရှိခဲ့သည်။ထို​ကြောင့် ​ငွေလဲနှူန်းအရဆိုပါက ကျပ်​ငွေတန်ဖိုးသည် တစ်နှစ်ခွဲ အကြာတွင်၁၂၄ ရာခိုင်နှူန်းတန်ဖိုးကျဆင်းခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။