Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့ရှိ ပြောက်ကျားစခန်းစီးနင်းခံရပြီး အနီးရှိ လယ်သမားနှစ်ဦးကို စစ်ကောင်စီ သတ်ဖြတ်သွား

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)

က​လေးမြို့နယ်အတွင်းရှိ ​‌ပြောက်ကျားတပ်ဖွဲ့(UG)စခန်းတစ်ခုကို အင်အား ၅၀ပါသည့် စစ်​ကောင်စီ တပ်က ဝင်​ရောက်စီးနင်းရာ ရိုင်ဖယ်တစ်လက် အပါအဝင်ပစ္စည်းအချို့ ဆုံးရှုံးခဲ့​ကြောင်း PDF က​လေး တပ်ရင်း (၂)က သတင်းထုတ်ပြန်သည်။

စစ်​ကောင်စီတပ်စစ်​ကြောင်းသည်‌ ပြောက်ကျားစခန်းတစ်ခုကို ယ​နေ့ နံနက် ၆နာရီခန့်တွင် ဝင်​ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ​ပြောက်ကျားရဲ​ဘော်များ ​ဘေးကင်းစွာလွတ်​မြောက်ခဲ့သည်ဟု အသိပေးထားသည်။

စစ်​ကောင်စီတပ်စစ်​ကြောင်းသည် စခန်းအနီး လယ်လုပ်​နေသည့် ရွာသား နှစ်ဦးကို အ​ကြောင်းမဲ့ ပစ်သတ်သွားသည်ဟု PDF က​လေးက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – People’s Defence Force – Kalay – Battalion 02)

ထို့အပြင်​ ကလေးမြို့နယ်ရှိ လေးအိမ်စု​ကျေးရွာမှ နေအိမ်နှစ်လုံးကိုလည်း စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​သွားသည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်တို့ ကလေးPDF ကလေးမြို့နယ်(ပ.က.ဖ)နဲ့ UG တို့ပြန်ထိုးစစ်ဆင်ဖို့ သွားတော့ စခတွေက ပြန်ဆုတ်သွားပါပြီ။ သူ့တို့က အင်အားနည်းလို့ အမြန်ဆုတ်သွားလို့ထင်ပါတယ်”ဟု PDF ကလေးမှ ရဲဘော်တစ်ဦးက ပြောသည်။

(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - People’s Defence Force - Kalay - Battalion 02)
(စစ်ကောင်စီတပ် ဖျက်ဆီးသွားသော UG အဖွဲ့စခန်းနှင့် သတ်ဖြတ်ခံရသည့် လယ်သမားနှစ်ဦး၏ ရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ – People’s Defence Force – Kalay – Battalion 02)

အဆိုပါစစ်​ကြောင်းကို က​လေးမြို့နယ်(ပကဖ)နှင့် ​ပြောက်ကျားရဲ​ဘော်များက ထိုးစစ်ဆင်ရန် ​လေးအိမ်စုရွာကို ချဥ်းကပ်ခဲ့သော်လည်း စစ်​ကောင်စီတပ်များက လက်ပံခုံ​ကျေးရွာမှတဆင့် က​လေးမြို့ (ဒကစ)တပ်တွင်းသို့ ဆုတ်ခွာသွား သည်ဟု PDFက ဆိုသည်။ထိုသို့အလျင်အမြန် ဆုတ်ခွာ သွား​သော​ကြောင့် တိုက်ပွဲမဖြစ်ခဲ့ဟုလည်း အသိပေးသည်။

PDFများကို ကူညီသလို ​ပြောက်ကျားရဲ​ဘော်များကိုလည်း ကူညီ​ပေးကြရန် လည်း PDF က​လေးက ​ပြည်သူလူထုကို တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့