Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတံတား၌ ပစ်ခတ်မှုဖြစ် နှစ်ဖက်ထိခိုက်မှုရှိဟုဆို

ပစ်ခတ်မှုအတွင်းထိ့ခိုက်ကျဆုံးမှုအ​ခြေအ​နေအ​သေးစိပ်ကို လူထု​နွေဦးကသီးခြားအတည်ပြုနိုင်​သေးခြင်းမရှိ​သေးပါ။

ရတနာပုံတံတားအဆင်း စစ်ကိုင်းဘက်ခြမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
ရတနာပုံတံတားအဆင်း စစ်ကိုင်းဘက်ခြမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတံတား(ရတနာပုံတံတား)တွင် ယနေ့နံနက်ပိုင်းက PDFရဲဘော်အချို့နှင့် စစ်​ကောင်စီတပ်စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အား ဆက်သွယ်ထားသော ရတနာပုံတံတား၌ ယနေ့(သြဂုတ်လ ၁၇ ရက်)နံနက် ၈ နာရီခွဲဝန်းကျင်က ပစ်ခတ်သံများကြားရပြီး မည်သည့်ယာဥ်မှ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

“​သေနတ်သံတွေကြားရတယ်ပြောတယ်။ ကားတွေလည်းရပ်ထားရတယ်။ ပြန်လှည့်ရတာတွေလ​ည်းရှိတယ်။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

​ဒေသတွင်း​တော်လှန်​ရေး သတင်းများ​ဖော်ပြ​ပေး​နေ​သောSpring Diary စာမျက်နှာက ထိုဖြစ်စဥ်အ​ပေါ် “ရတနာပုံ စစ်ကိုင်းတံတားထိပ်ဖြစ်စဉ်မှာExpress တစ်စီးပေါ်ပါလာတဲ့ PDF ကောင်လေး ၃ ယောက်နဲ့ စကစကင်းအဖွဲ့ အပြန်အလှန်ပစ်ကြရာ PDF ကောင်လေး ၃ ယောက်လုံးကျသွားပြီး စခ ၂ ကောင် အရေးပေါ်ကားနဲ့ သယ်သွားပါတယ်။ အခု တံတားကိုပိတ်ထားပါတယ်။”ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုအတွင်းထိ့ခိုက်ကျဆုံးမှုအ​ခြေအ​နေအ​သေးစိပ်ကို လူထု​နွေဦးကသီးခြားအတည်ပြုနိုင်​သေးခြင်းမရှိ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။