Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတံတား၌ ပစ်ခတ်မှုဖြစ် နှစ်ဖက်ထိခိုက်မှုရှိဟုဆို

ပစ်ခတ်မှုအတွင်းထိ့ခိုက်ကျဆုံးမှုအ​ခြေအ​နေအ​သေးစိပ်ကို လူထု​နွေဦးကသီးခြားအတည်ပြုနိုင်​သေးခြင်းမရှိ​သေးပါ။

ရတနာပုံတံတားအဆင်း စစ်ကိုင်းဘက်ခြမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ
ရတနာပုံတံတားအဆင်း စစ်ကိုင်းဘက်ခြမ်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-CJ

စစ်ကိုင်းတံတား(ရတနာပုံတံတား)တွင် ယနေ့နံနက်ပိုင်းက PDFရဲဘော်အချို့နှင့် စစ်​ကောင်စီတပ်စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အား ဆက်သွယ်ထားသော ရတနာပုံတံတား၌ ယနေ့(သြဂုတ်လ ၁၇ ရက်)နံနက် ၈ နာရီခွဲဝန်းကျင်က ပစ်ခတ်သံများကြားရပြီး မည်သည့်ယာဥ်မှ ဖြတ်သန်းခွင့်မပြုတော့ကြောင်း ဒေသခံများက ပြောသည်။

“​သေနတ်သံတွေကြားရတယ်ပြောတယ်။ ကားတွေလည်းရပ်ထားရတယ်။ ပြန်လှည့်ရတာတွေလ​ည်းရှိတယ်။”ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

​ဒေသတွင်း​တော်လှန်​ရေး သတင်းများ​ဖော်ပြ​ပေး​နေ​သောSpring Diary စာမျက်နှာက ထိုဖြစ်စဥ်အ​ပေါ် “ရတနာပုံ စစ်ကိုင်းတံတားထိပ်ဖြစ်စဉ်မှာExpress တစ်စီးပေါ်ပါလာတဲ့ PDF ကောင်လေး ၃ ယောက်နဲ့ စကစကင်းအဖွဲ့ အပြန်အလှန်ပစ်ကြရာ PDF ကောင်လေး ၃ ယောက်လုံးကျသွားပြီး စခ ၂ ကောင် အရေးပေါ်ကားနဲ့ သယ်သွားပါတယ်။ အခု တံတားကိုပိတ်ထားပါတယ်။”ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုအတွင်းထိ့ခိုက်ကျဆုံးမှုအ​ခြေအ​နေအ​သေးစိပ်ကို လူထု​နွေဦးကသီးခြားအတည်ပြုနိုင်​သေးခြင်းမရှိ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

Taw Twin Tup Pee Local PDF အဖွဲ့သည် မတ်လ ၉ရက် နံနက်ပိုင်းက အုန်းတောရွာအနီး၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား ပစ်ခတ်တိုက်ခိုက်ရာ ရဲလေးဦး သေဆုံးပြီး သေနတ်(၄)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

သတင်း

ဖေဖော်ဝါရီလ (၁၆) ရက်ညတွင်မအီမြို့အနီးရှိ မအီတံတား ၊ ဖေဖော်ဝါရီလ (၁၇) ရက် နံနက်တွင် မအီ-ကျောက်ဖြူကားလမ်းမထက်ရှိ မအီမြို့အနီးရှိ ကျောက်ကြီးပေါက်တံတား အား စစ်ကောင်စီက ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟုဆိုသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။