Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့နယ်အချို့တွင် လူမိုက်အမည်ခံများ အသုံးပြု၍ ဧည့်စာရင်းစစ်ဆေး ခြင်း၊ကင်းပုန်းချခြင်းနှင့်ကင်းလှည့်ခြင်းများ စစ်ကောင်စီ လုပ်ဆောင်လာ

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

(အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြိမ်ကြိမ်တိုက်ခိုက်ခံရသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်အုပ်ကြီးရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(အာဏာသိမ်းမှုဖြစ်ပြီးနောက် အကြိမ်ကြိမ်တိုက်ခိုက်ခံရသော မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက်အုပ်ကြီးရုံးအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် လူမိုက်အမည်ခံများ အသုံးပြု၍ ဧည့်စာရင်း စစ်ဆေးခြင်း၊ကင်းပုန်း ချခြင်းနှင့် ကင်းလှည့်ခြင်းများကို စစ်ကောင်စီက အသုံးပြုလာကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။

ထိုသို့လုပ်ဆောင်နေသည့် မြို့နယ်များအနက် အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ မကြာခဏ ရှင်းလင်းခံရသည့် ရွှေပြည်သာ ၊အင်းစိန် နှင့် တောင်ဒဂုံမြို့နယ်တို့တွင် သိသာ ထင်ရှားကြောင်း ၎င်းတို့က ဆိုသည်။

ထိုအနက် ရွှေပြည်သာမြို့နယ်တွင် ယနေ့(သြဂုတ် ၁၆ ရက်) နေ့လည်ပိုင်းကစ၍ အများပြည် သူပိုင်လမ်းများပေါ်၌ လက်ပတ်အနီဝတ်ဆင်၍ ငှက်ကြီးတောင်ဓားကိုင်ဆောင်ထားသူများကို တွေ့ရကြောင်း Shwe Pyi Thar Information က အသိပေးသည်။

“အင်းစိန်က အုပ်ချုပ်ရေးမှူး တင်မောင်နိုင်ပစ်ခံရပြီးနောက်ပိုင်း စျေးပိုင်းတို့ စည်ပင်ဝင်းဘက်က ဇိုးဆိုတဲ့ကောင်တွေကို ခေါ်သုံးလာတာတွေ့တယ်။ပြောရမယ်ဆို အရင်က အဲဒီလိုသိပ်မတွေ့ရဘူး။အခုက ပေါ်တင်ဆက်ဆံရေး အနေအထားတွေ “ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အလားတူ မရမ်းကုန်းနှင့် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်ရုံးအချို့နှင့် နီးစပ်သည့် နေရာများတွင်အရပ်သား(ခ)လူမိုက်များ ကင်းပုန်းများချထားသည်ဟုလည်း သိရသည်။

“ခဏခဏဝင်ပစ်ခံရတဲ့ မရမ်းကုန်း(၃)ရပ်ကွက်က ရုံးဆို နေရာပါပြောင်းထားတယ်လို့သိရတယ်။နောက်ပြီး အဲဒီရုံးနားက လက်ဖက်ရည် ဆိုင်မှာလည်း စခ တွေနဲ့ ရခတွေမဟုတ်ဘဲ ပလေကပ်ဝတ်ထားတဲ့ ကောင်တွေထိုင်ပြီ စောင့်ကြည့်တာမျိုးရှိတယ်”ဟု မရမ်းကုန်းမြို့နေသူ တစ်ဦးက ပြောသည်။

ယခုဖြစ်ရပ်မျိုးမတိုင်မီကပင် စစ်ကောင်စီသည် ၎င်း၏အဆွယ်အပွားများအဖြစ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့များကို လူသိရှင်ကြားခွင့်ပြုထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ ကြက်ခြေနီရုံးနားမှာအသက်နှစ်လသားအရွယ်အမွှာကလေးနှစ်ဦးကို သြဂုတ်လ ၂ ရက်က လာရောက်စွန့်ပစ်သွားတဲ့ဖြစ်စဉ်ဖြစ်ခဲ့တ​ယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။