Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းတွင် စစ်ရေးတင်းမာနေ၍ ရွှေဘို-မြစ်ကြီးနားလမ်း သတိပြုသွားလာရန် ပ.က.ဖ သတိပေး

အထက်ပါ အချက်သုံးချက်ကို လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က သတိပေးသည်။

ကောလင်းအနောက်ခြမ်းတစ်နေရာတွင် ပကဖ စစ်ဆေးရေးဂိတ်အား ဇူလိုင်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-KL Info
ကောလင်းအနောက်ခြမ်းတစ်နေရာတွင် ပကဖ စစ်ဆေးရေးဂိတ်အား ဇူလိုင်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-KL Info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာရန် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးကြေညာသည်။

ပြည်သူအများအနေဖြင့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းအသုံးပြုရာတွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် ကောလင်းမြို့နယ်နမိတ်အတွင်း ဖြတ်သန်းမည်ဆိုပါက ကုန်တင်ယဥ်များအနေဖြင့် (မိုးရွာနေချိန်မှအပ) မိုးကာအုပ်ပြီး မောင်းနှင်ခြင်းမပြုရန်၊ လိုအပ်ချက်အရရှောင်တခင်စစ်ဆေးခြင်းများတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ နံနက် ၆နာရီ မှ ည ၈နာရီထိသာဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က ယနေ့ (သြဂုတ် ၁၇ရက်)တွင် ကြေညာသည်။

အထက်ပါ အချက်သုံးချက်ကို လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က သတိပေးသည်။