Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတွင် စစ်ရေးတင်းမာနေ၍ ရွှေဘို-မြစ်ကြီးနားလမ်း သတိပြုသွားလာရန် ပ.က.ဖ သတိပေး

အထက်ပါ အချက်သုံးချက်ကို လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က သတိပေးသည်။

ကောလင်းအနောက်ခြမ်းတစ်နေရာတွင် ပကဖ စစ်ဆေးရေးဂိတ်အား ဇူလိုင်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-KL Info
ကောလင်းအနောက်ခြမ်းတစ်နေရာတွင် ပကဖ စစ်ဆေးရေးဂိတ်အား ဇူလိုင်လအတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-KL Info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းတွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် ခရီးသွားပြည်သူများအနေဖြင့် သတိပြုသွားလာရန် ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးကြေညာသည်။

ပြည်သူအများအနေဖြင့် ရွှေဘို – မြစ်ကြီးနားလမ်းပိုင်းအသုံးပြုရာတွင် စစ်ရေးအခြေအနေတင်းမာနေသဖြင့် ကောလင်းမြို့နယ်နမိတ်အတွင်း ဖြတ်သန်းမည်ဆိုပါက ကုန်တင်ယဥ်များအနေဖြင့် (မိုးရွာနေချိန်မှအပ) မိုးကာအုပ်ပြီး မောင်းနှင်ခြင်းမပြုရန်၊ လိုအပ်ချက်အရရှောင်တခင်စစ်ဆေးခြင်းများတွင် ပူးပေါင်းပါဝင်ပေးကြရန်၊ နံနက် ၆နာရီ မှ ည ၈နာရီထိသာဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က ယနေ့ (သြဂုတ် ၁၇ရက်)တွင် ကြေညာသည်။

အထက်ပါ အချက်သုံးချက်ကို လိုက်နာခြင်းမရှိပါက ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ကြောင်း ကောလင်း(ပ.က.ဖ)က သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့နဲ့ ရွှေဘိုမြို့တွေမှာ အလုပ်လုပ်နေတဲ့ ဝက်လက်မြို့နယ်က လူငယ်​တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံနေလို့ သတိပြုနေထိုင်ကြဖို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (စက်တင်ဘာ ၂) ပြုလုပ်ပေးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကို ရွှေဘိုမြို့နယ် သပိတ်အင်အားစုဝင်တွေက ကျန်းမာရေး စောင့်ရှောက်မှုတွေ ဒီကနေ့ (သြဂုတ် ၃၁) ပြုလုပ်ပေးခဲ့ပါတယ်။