Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါနယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်

တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော ရဲတပ်သားတစ်ဦးကို မဟာမိတ်ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အသိပေးသည်။

ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ ရဲဘာ်များအား တွေ့ရစဉ်
ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)မှ ရဲဘာ်များအား တွေ့ရစဉ်

▪️စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ရဲတစ် ဦးကို အရှင်ဖမ်းမိ

မကွေးတိုင်း ဂန့်ဂေါမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး ရဲတစ်ဦးကို အရှင်ဖမ်းမိကြောင်း ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)က ယနေ့(သြဂုတ် ၁၉ ရက်) ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံစစ်သား၊ရဲ စုစုပေါင်း အင်အား ၇၀ခန့်ပါစစ်ကြောင်းကို အိမ်သစ်ကျေး ရွာအနီး ယမန်နေ့(သြဂုတ် ၁၈ ရက်)နေ့လည်က YPDF၊ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF၊KKG၊နဂါးညီနောင်တပ်ဖွဲ့ နှင့် Gangaw PDFတို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နေ့လည် ၁၂ နာရီခွဲ ကစတင်ခဲ့သော တိုက်ပွဲမှာ နှစ်နာရီကြာမြင့်ခဲ့ပြီးတိုက်ပွဲအတွင်း ရှေ့ပြေး ကင်းထောက်တက်လာသည့် စစ်ကောင်စီတပ် သားများကို လက်ဦးမှု ရယူတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

လျှပ်တပြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားခြောက်ဦးခန့်မှာ သေနတ်ထိမှန်သေဆုံးပြီး လက်နက်ကောက်ယူရန် သွားရောက်ခဲ့သော်လည်း စစ်ကောင်စီ၏ စက်လက်နက် ပစ်ကူ များကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

မဟာမိတ်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ဦးမှာ ထိခိုက်ဒဏ်ရာရရှိကြောင်း YPDF က ပြောသည်။

တိုက်ပွဲအပြီး စစ်ကောင်စီတပ်မှ ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသော ရဲတပ်သားတစ်ဦးကို မဟာမိတ်ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိခဲ့ပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း အသိပေးသည်။

ယမန်နေ့က တိုက်ပွဲတွင် မဟာမိတ်ပူးပေါင်း အဖွဲ့မှ ရဲဘော်တစ်ဦး (မစိုးရိမ်ရ )ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

သို့သော် စစ်ကောင်စီ၏ လက်နက်ကြီးကျည်စ ထိမှန်၍ နွားကျောင်းနေသည့် ရွာသားတစ်ဦး သေဆုံးခဲ့ပြီး ဝါးခုတ်သွားသည့် ခေါက်ခူ ရွာမှ သားအဖ နှစ်ဦးကိုလည်း အကြမ်းဖက်စစ်ကောင်စီက ဓားစားခံအဖြစ် ဖမ်းဆီးထား​ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြဘသည်။

“ဂန့်ဂေါအခြေစိုက် ခလရ (၅၀)တပ်က တောင်းပိုင်းက စစ်ကြောင်း နှစ်ခုခွဲ ပြီး စစ်ထိုးနေတာ။ နောက် ကလေးဘက်ကနေ စစ်ကြောင်းတစ်ခုက ဂန့်ဂေါ မြောက်ပိုင်းကို မနေ့က စဝင်လာတယ်။စုစုပေါင်းဆို အခု ဂန့်ဂေါမှာ အင်အား အနိမ့်ဆုံး ၃၀၀လောက်နဲ့ စစ်ကြောင်းထိုးနေတယ်”ဟု ယောဒေသ စစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ပြောသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့်စစ်ကောင်စီ၏ စစ်ကြောင်းများကို နားစွင့်ထားရန်နှင့် ဂရုပြုနေထိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။