Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် PDF ရဲဘော် နှစ်ဦး စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံး

“မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။”ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)
(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦး အကြမ်းဖက်စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးခဲ့သည်။

စစ်ကိုင်းခရိုင် တပ်ရင်း(၁)၊ တပ်ခွဲ- ၄၊ Zamani ၏ ရဲဘော်ဟောင်းတစ်ဦးဖြစ်သူ မျောက်ရှုံး(ခ)မိုးမင်းသိန်းနှင့် ငါးထောင့်ကြယ်အဖွဲ့၏ ရဲဘော်တစ်ဦးတို့သည် ဩဂုတ် ၁၈ရက် ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်ကင်းပုန်းနှင့် ထိတွေ့မှုဖြစ်ပြီး ကျဆုံးသွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)
(PDFရဲဘော်နှစ်ဦး၏ စျာပနအခမ်းအနားပြုလုပ်နေစဥ်၊ဓာတ်ပုံ-Zamani Revolution Force/MMU Myaung)

“မြင်းမူမြို့ ဂွေးပင်တောအနီး ကင်းပုန်းဝပ်နေသော စကစတပ်သားများနှင့် ပစ္စည်းများသယ်ယူပို့ဆောင်လာသော ရဲဘော်များ ထိတွေ့မှုဖြစ်ပွားပြီး ကျဆုံးသွားခဲ့ရတာဖြစ်ပါတယ်။”ဟု Zamani Revolution Force/MMU Myaung တပ်ဖွဲ့က အသိပေးသည်။

ယင်းရဲဘော်နှစ်ဦးအား ယမန်နေ့(ဩဂုတ် ၁၉ ရက်) နံနက် ၁၁ နာရီအချိန်တွင် Zamani အဖွဲ့သားများနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက အမိန့်ပြန်အခမ်းအနားနှင့်အတူ မီးသင်္ဂြိုလ်ခဲ့ကြောင်း Zamani Revolution Force/MMU Myaung တပ်ဖွဲ့က ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။