Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူ ကိုးတောင်ဘို့တွင်စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အမျိုးသမီးကြီးနှစ်ဦးသေဆုံး

​ဒေါ်ခင်မာဝင်းနှင့် ​ဒေါ်ခင်မြင့်တို့သည် ​ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

ကန့်ဘလူ ကိုးတောင်ဘို့
ကန့်ဘလူ ကိုးတောင်ဘို့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသတွင် စစ်​ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့၍ဒေသခံအမျိုးသမီးကြီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ်လ၁၈ရက်နေ့ ည ၈နာရီ ၁၅ မိနစ်ခန့်က ကိုးတောင်ဘို့ရွာမြောက်ဘက်၊ ပါဦးသရက်ခြံကုန်း၌တပ်ချထားသောစစ်တပ်သည် လက်နက်ကြီးများဖြင့် တောင်ဘက်တွင်ရှိသောပိတောက်ခုံ၊ဘူတာတန်းရွာဘက်သို့ပစ်ခတ်ခဲ့သည်။လက်နက်ကြီးဖြင့်ပစ်ခတ်မှု​ကြောင့်ဘူတာရုံအနောက်ရှိ အိမ်တစ်အိမ်အောက်ထပ်သို့ လက်နက်ကြီး ကျရောက်ကာ အသက် ၅၂ နှစ်အရွယ် ​ဒေါ် ခင်မာဝင်း နှင့် ၅၈ နှစ်အရွယ်​ဒေါ် ခင်မြင့်တို့ နှစ်ဦလက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့ကြောင်း Kotaungbo Revolution KTB-Rက သတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

​ဒေါ်ခင်မာဝင်းနှင့် ​ဒေါ်ခင်မြင့်တို့သည် ​ဆွေးမျိုးများဖြစ်ပြီးလက်နက်ကြီးကျရာအိမ်၏မြောက်ဘက် အိမ်ဘေးခုံတန်းလျားအောက်တွင် ပုန်းခိုနေရင်း လက်နက်ကြီးကျည်စများထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

​ဒေါ်ခင်မြင့်မှာ ဦးခေါင်းနှင့်ညာဘက်လက်တို့ကိုထိမှန်ပြီးနေရာတွင်သေဆုံးခဲ့ပြီး ​ဒေါ်ခင်မာဝင်းမှာ ရင်ဘတ်၊ညာခြေထောက်နှင့်ညာဘက်လက်တို့ကို ထိမှန်ပြီး ည၁၀ နာရီခန့်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Kotaungbo Revolution KTB-Rက အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်နေအိမ်ဝင်းအတွင်းမြေကြီးထဲ၌ လက်နက်ကြီးတစ်ခု မကွဲသေးဘဲ စိုက်ဝင်နေကြောင်း လည်း​ဖော်ပြထားသည်။

ကိုးတောင်ဘို့ဒေသတွင် အကြမ်းဖက်စစ်တပ်နှင့်ဒေသတွင်းအဖွဲ့များ ထိတွေ့တိုက်ပွဲများလည်းဖြစ်ပွားနေပြီး သြဂုတ်လ၁၈ရက်နေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်သား၃ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။