Connect with us

Hi, what are you looking for?

သတင်း

ဘန့်ဘွေးကုန်းတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ခန့် သေဆုံးဟု ကသာပကဖထုတ်ပြန်

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

(ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကသာပကဖ)
(ကသာပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-ကသာပကဖ)

စစ်ကိုင်းတိုင်း ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌ ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်က ၃၀ ခန့် သေဆုံးခဲ့ကြောင်း မြေပြင်ပြည်သူများနှင့်ရှေ့တန်းရဲဘော်များက သတင်းပေးပို့လာ သည်ဟု ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) က ထုတ်ပြန်သည်။

ကသာမြို့နယ် ဘန့်ဘွေးကုန်းရွာ၌တပ်စွဲထားသည့်အင်အား၇၀ ခန့်ပါ စစ်ကောင်စီတပ်အား ကချင်လွတ်လပ်ရေတပ်မတော်(KIA)တပ်ရင်း(၁၂)လက်အောက်ခံကချင်ဒေသ PDF နှင့် ကသာ ပကဖ၊တိုက်နယ်နှင့်ရပ်ကျေးပကဖများ ပူးပေါင်းတပ်ဖွဲ့က ယနေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အထိနာ၍ လက်နက်ကြီး ပစ်ကူ၊ လေးကြာင်း ပစ်ကူများအသုံးပြုတိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသည့်စစ်ကောင်စီတပ်မှအလောင်းများကို ဘန့်ဘွေးကုန်းဆိပ်ကမ်း၌ သံခွန်ရေယာဉ်ငယ်ဖြင့် ထပ်တင်၍ လာရောက်သယ်ယူသွားကြောင်း ကသာ ပကဖက ထုတ်ပြန်သည်။

ယနေ့တိုက်ပွဲ၌ ပူးပေါင်းတပ်ဖွဲ့မှ PDF ရဲဘော် ၄ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်က ဘန့်ဘွေးကုန်းရွာကို မီးရှို့နေသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။