Connect with us

Hi, what are you looking for?

သတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

ကန်ဒေါ်လာ ၇သန်းသတ်မှတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဒုတိယမြောက်နေအိမ်ဖြစ်သည့် Inya View (၆) မိုင်ခွဲ စီမံကိန်းကို ဒေါ်လာ ၇သန်းဖြင့် ဩဂုတ် ၅ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

ရန်ကုန်မြို့ အင်းယားကန်ပေါင် (၆)မိုင်ခွဲရှိ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေအိမ်ကို ရှယ်ယာစနစ်ဖြင့် ရောင်းချရာတွင် အမေရိကန်ဒေါ်လာ ၂သန်းဖိုးရှယ်ယာရောင်းချထားပြီးဖြစ်ကြောင်း NUG၏ ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ယနေ့ထုတ်ပြန်သည်။

ကန်ဒေါ်လာ ၇သန်းသတ်မှတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ ဒုတိယမြောက်နေအိမ်ဖြစ်သည့် Inya View (၆) မိုင်ခွဲ စီမံကိန်းကို ဒေါ်လာ ၇သန်းဖြင့် ဩဂုတ် ၅ ရက်က စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရောင်းချမှု ကန်ဒေါ်လာ ၂သန်းရပြီဟု NUG အသိပေး

“၂ ပတ်စွန်းစွန်းမှာတင် ဒေါ်လာ ၂သန်းဖိုးရောင်းရတယ်ဆိုတာ တွေးကြည့်ရင် အားရှိစရာကြီးပါ။ EOD Share တွေဝယ်ကြတယ်ဆိုတာ ဂုဏ်သိက္ခာအရလည်း တန်ဖိုးရှိတယ်။ ငွေကြေးအရလည်း မြတ်ဦးမယ်။ ဆွေစဉ်မျိုးဆက် လိပ်ပြာလုံ၊ သိက္ခာရှိစေမယ့် ရင်းနှီးမြှပ်နှံမှုကြီးပါ”ဟု ရှယ်ယာရောင်းချရေးအဖွဲ့ (EOD)က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အဓမ္မသိမ်းယူထားသည့် ရန်ကုန်မြို့အင်ယားလမ်း ခြံအမှတ် (၁၄)ကို NUGက ဒေါ်လာ ၁၀သန်းသတ်မှတ်ကာ ရှယ်ယာစနစ်ဖြင့်ရောင်းချပြီးနောက် ဒုတိယစီမံကိန်းအဖြစ် (၆) မိုင်ခွဲရှိနေအိမ်ကို ယခုလို ရောင်းချနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရန်ကုန်မြို့တွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင် အမည်ဖြင့် အဓမ္မသိမ်းယူထားသည့် နေနေမ်လေးလုံးရှိပြီး စစ်အုပ်စုက သိမ်းယူထားသည့် မြေကွက်ပေါင်း ၆၀ ကျော်အထိရှိသည်ဟု NUG၊စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။