Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲအရှိန်မြင့်လာ၍ စစ်ကောင်စီအခြေပြုရာနေရာများကို မသွားလာကြရန် AA အသိပေး

ULA/AAက မောင်တောမြို့နယ် ပြည်သူများသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ရာ စစ်ရေးအခြေအနေကို ထည့်သွင်းအသိပေးခဲ့သည်။

ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီအကြား ယခု ရက်သတ္တပတ်အတွင်း စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများခပ်စိပ်စိပ် ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲအရှိန်သည် တစ်နေ့ထက် တစ်နေ့ ပိုမိုမြင့်မားလာပြီး တိုက်ပွဲနေရာများလည်း ပိုမိုကျယ်ပြန့်လာနေ၍ စစ်ကောင်စီအခြေပြုရာနေရာများကို သွားလာခြင်းမပြုရန် AAက ယနေ့တွင် ကြေညာချက် ထုတ်ပြန်အသိပေးသည်။

ULA/AAက မောင်တောမြို့နယ် ပြည်သူများသို့ အသိပေးကြေညာချက်ကို ယနေ့ထုတ်ပြန်ခဲ့ရာ စစ်ရေးအခြေအနေကို ထည့်သွင်းအသိပေးခဲ့သည်။

ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန
ဓာတ်ပုံ – ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန

စစ်ကောင်စီတပ်နှင့် ၎င်းတို့ ၏ နယ်ခြားစောင့်တပ်ဖွဲ့များ အခြေပြုထားသည့်နေရာများ၊ ၎င်းတို့ ဂိတ်စခန်းချ စစ်ဆေးသည့် နေရာများ၊ ပုံမှန်သွားလာနေသည့် နေရာများ၌ မလာမဖြစ် လာရမည့် အရေးပေါ်ကိစ္စ၊ သေရေးရှင်ရေးကိစ္စ၊ ကျန်းမာရေးကိစ္စများမှ လွဲ၍ သွားလာခြင်းမပြုရန် ကြေညာချက်၌ ဖော်ပြထားသည်။

အကယ်၍ မဖြစ်မနေသွားလာရမည်ဆိုပါက နီးစပ်ရာ ဒေသဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး နယ်မြေရုံးများမှ တစ်ဆင့် ဆက်သွယ်အသိပေးပြီး သွားလာကြရန် အလေးထား အသိပေးလိုသည်ဟုဆိုသည်။ သွားလာသည့် အချိန်ကိုလည်း နံနက် ၅နာရီမှ ည ၈နာရီအတွင်း ဂရုပြုသွားလာကြရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် ရခိုင်လူထုကို ဖိနှပ်လို၍ ရခိုင်ပြည်ရှိ မြို့နယ်တချို့၌ ညမထွက်ရ အမိန့်ကို ရည်ရွယ်ချက် ရှိရှိ ထုတ်ပြန်ထားရာ မောင်တော်မြို့နယ်၌ ည ၁၀နာရီမှ နံနက် ၅နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ယခုလအတွင်း ညမထွက်ရအမိန့် ထပ်မံ ထုတ်ပြန်ထားကြောင်း AA က ဆိုသည်။

ယင်းအပြင် ကုန်းလမ်း၊ ရေလမ်း၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ခရီးသွားလာရေး ကိစ္စများကိုပါ တင်းကျပ်စွာ ကန့်သတ်ပိတ်ပင်တားမြစ်လိုက်ရာ မောင်တောမြို့နယ်ရှိ ရွာခံများစွာ ရိက္ခာပြတ်လပ်မှု နှင့် အခက်အခဲ မျိုးစုံ ကြုံတွေ့နေကြရကြောင်း AAက ထုတ်ပြန်သည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီတပ်သည် စစ်ရေးပြင်ဆင်မှု ၊ လက်နက်ခဲယမ်း ၊ စစ်အင်အားတိုးချဲ့မှုနှင့် အတူ စစ်ဆင်ရေး ပြုလုပ်မည့် အရိပ်အယောင်များ ခပ်စိပ်စိပ် တွေ့လာနေရကြောင်း AA က ထုတ်ပြန်သည်။

တစ်ရွာနှင့်တစ်ရွာ သွားလာခွင့်များ ၊ ရွာအပြင်ထွက်ခွင့်များ ပိတ်ပင် ကန့်သတ်ထားပြီး ရိက္ခာပြတ်လပ်၍ အငတ်ဘေးဆိုက်စေရန် စစ်ကောင်စီက တမင် အနိုင်ကျင့် လုပ်ဆောင်နေခြင်းမှာ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လုပ်လေ့လုပ်ထ ရှိသည့် ဖြတ်လေးဖြတ်စစ်ဆင်ရေးထဲမှ ရိက္ခာပြတ်လပ်အောင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခရီးသွားလာခွင့် ပိတ်ပင်သော လုပ်ရပ်၊ ညမထွက်ရအမိန့် များကြောင့် ဒေသခံပြည်သူများ အခက်အခဲ အကျပ်အတည်း မဖြစ်စေရန် ရက္ခိုင်ပြည်သူ့အစိုးရကနည်းလမ်းပေါင်းစုံဖြင့် ဖြေရှင်းရန်ကြိုးပမ်းလျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။